
ခေါင်းစဉ်က “သက်ဆုံးတိုင်” တဲ့။
ဒီဝတ္ထုလေးထဲမှာ —–
စာရေးဆရာအဖြစ် … မင်းခကိုကို
အရာရာတဇွတ်ထိုးနိုင်ပြီးပွေရှုတ်တဲ့သူအဖြစ် … ဖြိုးဇော်
ပုဂံဧည့်လမ်းညွှန်အဖြစ် … နွယ်လင်းသူ
စင်ကာပူမှာ ကုမ္ပဏီအလုပ်လုပ်နေတဲ့သူအဖြစ် … မိုနာ။
အိမော်၊ မိုးဝဿန်၊ ဦးစံဖေ၊ ဒေါ်နှင်းဖြူ၊ ဒေါ်မြသက်၊ ကိုသက်လူ တို့ကအရန်ဇာတ်ဆောင်အဖြစ် ထည့်သွင်းရေးဖွဲ့ထားပါတယ်။
ဇာတ်လမ်းအကျဉ်းလေးနဲ့မိတ်ဆက်ပေးပါရစေ❣️
စာရေးဆရာမင်းခကိုကိုနဲ့ နွယ်လင်းသူ ပုဂံမှာ လည်ပတ်ကြရင်း ချစ်ကြိုက်သွားကြပါတယ်။ တစ်ဖက်မှာက နွယ်လင်းသူကို ရဖို့ ကြိုးစားနေတဲ့ ဖြိုးဇော်။ နွယ်လင်းသူနဲ့ မင်းခကိုကို ဝေးဖို့ ဖြိုးဇော် အကောက်ကြံပါတယ်။ မိုနာကလည်း စာရေးဆရာကို တစ်ဖက်သတ်ကြိုက်နေတဲ့ သူဆိုတော့ တော်တော်နဲ့တော့ လက်လျှော့မှာ မဟုတ်ပါဘူး။
တကယ်ချစ်ကြတဲ့ မင်းခကိုကိုနဲ့ နွယ်လင်းသူ ပေါင်းဖက်ရမလား။
ဖြိုးဇော်ကကော နွယ်လင်းသူကို အလျှော့ပေးပါ့မလား။
မိုနာကကော မင်းခကိုကိုကို အရှုံးပေးပါ့မလား။
သေချာတာတစ်ခုကတော့ လေးယောက်လုံးရဲ့ အချစ်ဟာ စာဖွဲ့လို့ မလောက်လောက်အောင်ပါပဲ။ တရားတဲ့အချစ်နဲ့ မတရားတဲ့အချစ်တွေတော့ ကွာကြမှာပေါ့။
ဒီတော့ ခေါင်းစဉ်လေးက “သက်ဆုံးတိုင်” ဆိုတော့ ချစ်တဲ့သူတွေ သက်ဆုံးတိုင် ပေါင်းဖက်သွားရမှာလား။ ဒါမှမဟုတ် သက်ဆုံးတိုင် ဝေးသွားကြမှာလားဆိုတာတော့ ခံစားဖတ်ကြည့်ကြပါတော့ခင်ဗျာ …