ရွှေမန္တလေးသို့ တစ်ခေါက်

ခရီးထွက်ခြင်းသည် ကောင်းသော စာဖတ်ခြင်းပင် ဖြစ်သည်။
စာရေးသူသည် ငယ်စဉ်ကတည်းက ဖခင်တာဝန်ကျရာ အရပ်ဒေသများသို့ မိသားစုလိုက် လိုက်ပါ နေထိုင်ခဲ့ရသူ ဖြစ်ပါသည်။ ထိုသို့ သွားရောက် နေထိုင်ရသော နေရာများကို လေ့လာစူးစမ်းတတ်သည့် ဝါသနာအလေ့လည်း ရရှိလာခဲ့ပါသည်။
ယနေ့ခေတ်၌ အားသာချက်တစ်ခုသည် နည်းပညာ ဖြစ်၏။ အဆိုပါ နည်းပညာတို့ တိုးတက်ထွန်းကားနေခြင်းကြောင့် အစစအရာရာ ကြိုတင်သိရှိနိုင်သကဲ့သို့ ခက်ခဲသော အချက်အလက်များလည်း လျော့ပါးသွားစေပါသည်။ သို့ဖြစ်၍ ခရီးစဉ်အများစသည် ဖြောင့်ဖြူးချောမွေ့နေတတ်လေသည်။
ယခုစာအုပ်သည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလဝန်းကျင်က စာရေးသူ သွားဖြစ်ခဲ့သော ခရီးစဉ်တစ်ခုမှ အတွေ့အကြုံများကို မှတ်တမ်းဓာတ်ပုံများနှင့်တကွ ရေးသားတင်ပြထားခြင်း ဖြစ်ပါသည်။
အချို့နေရာများသည် စာဖတ်သူတို့ ရောက်ဖူးပြီးသား၊ သိကျွမ်းပြီးသား နေရာများ ဖြစ်ကောင်း ဖြစ်နေနိုင်ပါသည်။ သို့သော်လည်း ထိုသို့ မရောက်ဖူးသေးသော၊ မသိကျွမ်းဖူးသေးသော စာဖတ်သူတို့အတွက် များစွာ အကျိုးရှိလိမ့်မည်ဟု ထင်မြတ်ယူဆမိပါသည်။
ခရီးသွားပါ…
စာဖတ်ပါ…
ခရီးသွား ဆောင်းပါး စာအုပ်များကိုလည်း လေ့လာပါ။

106 thoughts on “ရွှေမန္တလေးသို့ တစ်ခေါက်

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>