“မိတ်ဆွေက အလုပ်အတွက် အလုပ် လုပ်နေတာလား၊
အလုပ်ကို မိတ်ဆွေအတွက် အလုပ် လုပ်ခိုင်းမှာလား”
မင်္ဂလာပါရှင်။ ကျွျွန်Coach Wint War ပါ။ လူအတော်များများက ငွေရဖို့အတွက်ပဲ တစ်သက်လုံး အလုပ်တွေ ပင်ပင်ပန်းပန်း လုပ်သွားကြပါတယ်။ ဒါပေမဲ့ မိတ်ဆွေကိုယ်တိုင် မရှိတော့တဲ့အချိန်မှာရော အဲဒီအလုပ်က ဆက်ပြီး လည်ပတ်နေဦးမှာလား။
ကျွျွန်ဒီစာအုပ်ကို ရေးသားရတဲ့ ရည်ရွယ်ချက်က မိတ်ဆွေတို့ရဲ့ ဘဝမှာ အချိန်နဲ့ ငွေကြေး လွတ်လပ်မှုကို အမှန်တကယ် ပိုင်ဆိုင်နိုင်ဖို့အတွက်ပါ။ စီးပွားရေးလုပ်တယ်ဆိုတာ အလုပ်ထဲမှာ နစ်မွန်းနေဖို့ မဟုတ်ဘဲ မိတ်ဆွေမရှိလည်း အလိုအလျောက် လည်ပတ်နေမယ့် စနစ် (System) တစ်ခုကို တည်ဆောက်တာ ဖြစ်ရပါမယ်။
“ငွေရှာစက်” ဆိုတဲ့ ဒီစာအုပ်ထဲမှာ…
အလုပ်ထဲမှာပဲ အချိန်ကုန်နေတဲ့ ဘဝကနေ စနစ်ကို စီမံခန့်ခွဲသူအဖြစ် ဘယ်လိုပြောင်းလဲမလဲ။
Automation (အလိုအလျောက်စနစ်) ကို အသုံးချပြီး လုပ်ငန်းကို အရှိန်အဟုန်နဲ့ ဘယ်လိုတိုးတက်အောင် လုပ်မလဲ။
ရေရှည်ခိုင်မာပြီး အောင်မြင်တဲ့ Business တစ်ခုဖြစ်ဖို့ ဘယ်လို အုတ်မြစ်ချမလဲ။
ဆိုတာတွေကို ကျွွန်က လက်တွေ့ကျကျ မျှဝေပေးထားပါတယ်။
ကျွွန် တည်ဆောက်စေချင်တာက မိတ်ဆွေ မရှိလည်း လည်ပတ်နေမယ့် စီးပွားရေးစနစ်တစ်ခုပါ။ ဒီစာအုပ်က မိတ်ဆွေရဲ့ စီးပွားရေးခရီးလမ်းမှာ အရေးကြီးတဲ့ လမ်းပြမြေပုံတစ်ခု ဖြစ်လာလိမ့်မယ်လို့ ကျွွန် ယုံကြည်ပါတယ်။