
“ကိုယ့်ရဲ့အဖိုးတန်ကမ္ဘာလေး” လို့ အမည်ပေးထားတဲ့ ဒီစာအုပ်လေးဟာ….
ကျွန်တော်တို့အားလုံး ဂရုစိုက်ဖို့မေ့နေတတ်တဲ့ ကျွန်တော်တို့ရဲ့ အဖိုးတန်ကမ္ဘာလေးအတွက် Reminder လေးတစ်ခုဆိုရင်လည်း မမှားပါဘူး။
ဒီစာအုပ်လေးမှာ အပိုင်း (၄) ပိုင်းပါဝင်ပါတယ်။
(၁) ကိုယ်ရည်ကိုယ်သွေးကိုမြှင့်တင်ခြင်း
(၂) စိတ်အေးချမ်းမှုကိုရှာဖွေခြင်း
(၃) မေတ္တာတရားဖြင့်နေထိုင်ခြင်း
(၄) မျှဝေလိုသော ဘဝနေထိုင်နည်းများ စသဖြင့် အပိုင်း (၄) ပိုင်းခွဲကာရေးသားထားပါတယ်။
ဒီစာအုပ်လေးမှာ ကိုယ့်ရဲ့အဖိုးတန်ကမ္ဘာလေးကို ဂရုစိုက်ပေးဖို့အတွက် ထိရောက်သော နည်းလမ်းလေးများ၊ ခံယူရမယ့် စိတ်နေသဘောထားများ၊ အဓိပ္ပါယ်ရှိတဲ့ ဘဝနေထိုင်နည်းများစွာကို ရေးသားမျှဝေထားပါတယ်။
ဒီစာအုပ်လေးကို ဖတ်ရှုကြမယ့် စာဖတ်ပရိသတ်များအတွက် ထပ်မံအမှာစကားလေးပါးလိုတာက –
“တခြားသူတွေရဲ့ ကွက်လပ်တွေကို
ဖြည့်ဆည်းပေးဖို့ ကြိုးစားနေတဲ့ တစ်ချိန်တည်းမှာ
ကိုယ့်ရဲ့အဖိုးတန်ကမ္ဘာလေးကိုလည်း
မမေ့ထားစေချင်ပါဘူး” ဆိုတဲ့ အမှာစကားလေးပါ။