Home >> စာအုပ်ဖတ်အညွှန်းများ >> သိပ်တော်တဲ့ ငါ
စာအုပ်အမည် - သိပ်တော်တဲ့ ငါ
စာရေးသူ - သုနေ
စာမျက်နှာ - ၁၃၆
တန်ဖိုး - ၆၀၀၀
ဖုန်း - 09 444 987 928 / 09 403 970 015 သို့ဆက်သွယ်မှာယူနိုင်ပါသည်။

ခံစားထိရှလွယ်တဲ့ သတ္တဝါတွေထဲမှာ လူက ထိပ်ဆုံးမှာ ရှိပါတယ်။ နေ့စဉ်လူမှုဘဝတွေထဲမှာ...

ထိခိုက်နာကျင်စရာတွေ၊ 

၀မ်းနည်းကြေကွဲစရာတွေ၊ 

စိတ်ပျက်အားငယ်စရာတွေဆိုတာ လူတိုင်းအတွက် အချိန်နဲ့အမျှပါပဲ။ 

'သိပ်တော်တဲ့ ငါ' ဆိုတဲ့ စာအုပ်ဟာ နေ့စဉ်ဘဝတွေထဲက စိတ်အဖုအထစ်တွေကို တွန်းလှန်နိုင်ဖို့အတွက် အားဆေးတစ်ခွက်ပါပဲ။ အချို့သော အယူအဆတွေဆိုရင် အလွန်ရိုးရှင်းပြီး အလွန်လည်း အသုံး၀င်မှန်ကန်လှပါတယ်။ 

ပုံမှန်ဖြစ်ပျက်နေမှုတွေကို ပုံမှန်ပဲတွေးတောပြီး စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်လာအောင် ရေးသားဆွေးနွေးထားခြင်း ဖြစ်ပါတယ်။ 

"ဘယ်အရာ၊ ဘယ်ကိစ္စမှာပဲဖြစ်ဖြစ် 

ကိုယ်မရှိလို့ မဖြစ်ဘူးဆိုတာ မဟုတ်ပါဘူး။ 

ကိုယ်မရှိလို့ ခဏတစ်ဖြုတ် ခက်ခဲသွားတာပဲ ရှိပါတယ်။ 

ပြီးရင်တော့...အားလုံးဟာ ပုံမှန်ပါပဲ။

Related Books


Create good days
မျက်ရည်လွယ်သောသူများ ဖတ်ဖို့
စိတ်အကြည်ဓာတ် ရရှိပါစေ…
နေ့ရက်တိုင်း ပျော်ပါစေ
ကျွန်မ… အိမ်ရှင်မ
အိမ်အပြန် မျက်နှာပန်းလှပါစေ