Home >> လူကြိုက်များသည့် စာအုပ်များ >> သက်တံရောင် စိတ်ကူးများ
စာအုပ်အမည် - သက်တံရောင် စိတ်ကူးများ
စာရေးသူ - ယွန်း@Precious Y
စာမျက်နှာ - ၁၀၄ စာ
တန်ဖိုး - 12,500 ks
ဖုန်း - 09 4039 700 15 / 09 969 700 606 သို့ဆက်သွယ်မှာယူနိုင်ပါသည်။

စာအုပ်အရွယ်အစား -

အကြိမ်ရေ -

၂၁ စင်တီ

ဒုတိယအကြိမ်

#စာညွှန်း

၅၂၈  မေတ္တာနှင့် ဖြစ်စေ၊ 
၁၅၀၀ ရဲ့ ချစ်ခြင်းနှင့် ဖြစ်စေ မကင်းကြတာ ကျွန်မတို့ လောကီလူသားတွေပါ။

ဒီချစ်ခြင်းတွေရဲ့ လွဲမှားတဲ့ ရိုက်ခတ်မှုတွေကြောင့်ပဲ ကျွန်မတို့ နှလုံးသားတွေ နွမ်းလျရပြန်ပါရောလေ။

ဒါကြောင့် ချစ်ခြင်းတွေမှာ အပြစ်ကင်းဖို့၊ စေတနာတွေကနေ ဝေဒနာ မဖြစ်ဖို့၊ အတ္တနဲ့ မချည်နှောင်မိစေဖို့၊ အရောင်တွေ မဆိုးမိစေဖို့၊ ကိုယ်ဟာ အချစ်ခံနေရတာလား၊ အနှစ်ခံနေရတာလား သိပါရက် ဝဋ်ကြွေးကို အချစ်ထင်မှတ်ပြီး ငြိတွယ်မနေဖို့တော့ လိုအပ်တယ် မဟုတ်လား။

 ပန်းပွင့်လေးတွေ တစ်ပွင့်ချင်းစီတိုင်းမှာ သူ့အလှနဲ့ သူ၊ သူတန်ဖိုးနဲ့သူ၊ 

သူ့ရနံ့ သူ့အသွင်နဲ့ တင့်တယ်လှပပြီးသားဖြစ်သလို ကျွန်မတို့ တစ်ဦးတစ်‌ယောက်ချင်းစီတိုင်းမှာလည်း
ကိုယ့်ဖြစ်တည်မှုနဲ့ ကိုယ်၊ ကိုယ့်အစွမ်းအစကိုယ်၊ ကိုယ့်တန်ဖိုးနဲ့ ကိုယ် ရှိကြပါတယ်။

ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် 

တကယ်ချစ်တယ်ဆိုတာ ဘယ်လိုမျိူးလဲ၊ သူတစ်ပါးကိုရော ချစ်နည်းအမှန်နဲ့
ချစ်တတ်ပြီလား ဆိုတာတွေကို
ဒီအတွေးပန်းပွင့်လေးတွေကတဆင့်
တွေးဆ ကြည့်နိုင်ကြမှာပါ။

ပန်းပွင့်‌လေးတွေ၊ တိမ်စိုင်ခဲလေးတွေလို စိတ်ကို ရွှင်လန်းတက်ကြွစေတဲ့
အကြည်ဓာတ်လေးတွေ ခံစားနိုင်အောင် စာအုပ်လေးကို အတွင်းကာလာရောင်စုံပုံလေးတွေနဲ့ ချစ်စဖွယ် ပြင်ဆင်ပေးထားပါတယ်။

စိတ်အာဟာရ ဖြည့်စွက်ပေးမယ့်
အတွေးစာစုလေးတွေကို လှပတဲ့ စာမျက်နှာလေးတွေနှင့်အတူ တွဲဖက်စီးမျောခံစားရမှာဖြစ်လို့ ကိုယ့်ကိုယ်ကိုယ် Energy ဖြည့်ဖို့ လိုနေပြီဆိုရင်၊ ကိုယ်ချစ်ရတဲ့သူတွေကို ခွန်အားဖြည့်ပေးချင်တယ်ဆိုရင်၊ လန်းဆန်းတက်ကြွပြီး
အောင်မြင်ပျော်ရွှင်တဲ့သူ ဖြစ်စေချင်တယ်ဆိုရင် အကြည်ဓာတ်၊ အအေးဓာတ်လေးနဲ့တူတဲ့ ဒီစာအုပ်လေးကိုသာ သတိရပေးပါနော်။

#ယွန်း@Precious Y
×××××××××××××××