Home >> လူကြိုက်များသည့် စာအုပ်များ >> တစ်လှမ်းချင်း ရှေ့သို့
စာအုပ်အမည် - တစ်လှမ်းချင်း ရှေ့သို့
စာရေးသူ - နူးနူးအောင်
စာမျက်နှာ - ၁၂၀ စာ
တန်ဖိုး - 10,000 ks
ဖုန်း - 09 4039 700 15 / 09 969 700 606 သို့ဆက်သွယ်မှာယူနိုင်ပါသည်။

စာအုပ်အရွယ်အစား -

အကြိမ်ရေ -

၂၁ စင်တီ

ပထမအကြိမ်

#စာညွှန်း -

တစ်ခါတလေမှာ ကျွန်မတို့ဟာ ရှေ့ဆက်ဖို့ အင်အားတွေ လိုအပ်သလို ဘယ်လိုရှေ့ဆက်ရမလဲဆိုတဲ့ 'နည်းလမ်း' တွေကိုလည်း ရှာဖွေတတ်ကြပါတယ်။ ဒီစာအုပ်လေးထဲမှာတော့ နူးနူးက အပိုင်း (၃) ပိုင်းနဲ့ ဘဝကို အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းပုံတွေကို မျှဝေပေးထားပါတယ်။

✨ အပိုင်း (က) နောက်ပြန်မလှည့်ဘဲ ဆက်လျှောက်ပါ

  • အတိတ်မှာ နစ်မနေဘဲ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ပျိုးထောင်ဖို့။

✨ အပိုင်း (ခ) ရင့်ကျက်သောစိတ်ထားနဲ့ ရှေ့ဆက်ခြင်း - လောကဓံကို တည်ငြိမ်စွာ ရင်ဆိုင်ပြီး စိတ်ဓာတ်ခိုင်မာတဲ့ ရင့်ကျက်သူတစ်ယောက် ဖြစ်လာဖို့။

✨ အပိုင်း (ဂ) အချစ်နှင့် လက်ထပ်ခြင်း - အချစ်ကြောင့် နာကျင်မှုနည်းအောင် ဘယ်လိုချစ်မလဲ။ဘယ်လိုလူမျိုးကို ကိုယ့်ဘဝလက်တွဲဖော်အဖြစ် မှန်မှန်ကန်ကန် ရွေးချယ်မလဲ။

အခုစာအုပ်က ဒီတိုင်း Motivation စာအုပ်သက်သက် မဟုတ်ဘဲ ဘဝမှာ လမ်းပျောက်နေသူတွေနဲ့ အချစ်ရေးမှာ ဝေခွဲမရဖြစ်နေသူတွေအတွက်ပါ။ ဘဝနေနည်းများနှင့်ပျော်ရွှင်အောင်နေနည်းများ ပါဝင်ပါတယ်။

📍ကိုယ်တိုင်ဖတ်ဖို့ပဲဖြစ်ဖြစ်၊ ကိုယ်ချစ်ရတဲ့သူကို လက်ဆောင်ပေးဖို့ပဲဖြစ်ဖြစ် သင့်တော်တဲ့စာအုပ်လေးပါ။