Home >> လူကြိုက်များသည့် စာအုပ်များ >> သင် RIGHT PERSON တွေ့ပြီလား
စာအုပ်အမည် - သင် RIGHT PERSON တွေ့ပြီလား
စာရေးသူ - အိ
စာမျက်နှာ - ၁၅၈ စာ
တန်ဖိုး - 15,000 ks
ဖုန်း - 09 4039 700 15 / 09 969 700 606 သို့ဆက်သွယ်မှာယူနိုင်ပါသည်။

စာအုပ်အရွယ်အစား -

အကြိမ်ရေ -

၂၁ စင်တီ

ပထမအကြိမ်

#စာညွှန်း -

ဒီစာအုပ်ထဲမှာတော့ Right Person ဆိုတာ ဘယ်လို လူမျိုးတွေမှ တွေ့တတ်ကြောင်း၊ ကိုယ့်အတွက် Right ဖြစ်တဲ့ Right Person နဲ့ တွေ့ဖို့ရာ ဘယ်လို Qualify တွေ လိုအပ်ကြောင်း၊ Right Person ဆိုတဲ့ သဘောတရားလေးဟာ ဘယ်လို ဖြစ်ကြောင်း စသဖြင့် ရှင်းပြချင်တာလေးတွေကို ရေးထားပါတယ်။

ဒီစာအုပ်ကလေးကို ဖတ်လိုက်ရလို့ စာဖတ်သူအတွက် အရှုံးမရှိနိုင်အောင်၊ မှားနေတဲ့ အသိတွေ၊ ခံယူချက်တွေများ ရှိရင် ပြုပြင်လို့ရအောင် ထောက်ပြ ရှင်းပြ ထားတာမို့ ဒီဘဝမှာ Right Person နဲ့ မတွေ့ရရင်တောင် သင်ကိုယ်တိုင်က သင့်ရဲ့ Right Person ဖြစ်သွားနိုင်တာမို့ အရှုံးမရှိနိုင်ပါဘူးရှင်။

ယနေ့ခေတ်မှာ လူတွေ တော်တော်များများဟာ ဆိုရင်ဖြင့် သူတို့သာ သူတို့ဘဝတွေမှာ Right မဖြစ်ကြသေးတာ Right Person ကိုတော့ အရမ်း လိုချင်ကြတာ တွေ့ရပါတယ်။ ကျွန်မကိုယ်တိုင်က Tarot Reader လုပ်နေတဲ့အတွက် ကျွန်မဆီမှာ လာမေးတဲ့ မေးခွန်းတွေ တော်တော်များများဟာ “Right Person ဘယ်တော့ တွေ့မှာလဲ” ဆိုပြီး လာမေးကြတာ အရမ်းများပါတယ်။

လူတိုင်းက ဘဝမှာ Right Person နဲ့ တွေ့ပြီးမှ အိမ်ထောင်ကျ ကြတာ မဟုတ်တာကြောင့် "Right Person ဘယ်တော့ တွေ့မှာလဲ” ဆိုတဲ့ မေးခွန်းကို အရင်မမေးဘဲ “ဒီဘဝမှာ ကျွန်တော်၊ ကျွန်မ တို့က Right Person နဲ့ တွေ့နိုင်လား” လို့ အရင် မေးရမှာပါ။ တွေ့နိုင်တယ် ဆိုမှသာလျှင် ဘယ်တော့ တွေ့မှာလဲ ဆိုတာကို ဆက်မေးရမှာပါ။

အခုတော့ Right Person အကြောင်း စာအုပ်တစ်အုပ် အဖြစ် ထုတ်ချင်တာရယ် Right Person ဆိုတာ ဘယ်လိုလူမျိုးတွေမှ တွေ့တတ်ကြောင်း ရှင်းပြချင်တာမို့ ကျွန်မရဲ့ ဒုတိယမြောက် စာအုပ်လေး အဖြစ် “သင် Right Person တွေ့ပြီလား” ဆိုတဲ့ စာအုပ်ကလေးကို ရေးဖြစ်ပြန်ပါတယ်။ ဒီဒုတိယမြောက် စာအုပ်ကလေးနဲ့ အတူ အရှေ့က ထုတ်ခဲ့တဲ့ “မမေ့နိုင်တဲ့အရာများ ရှိခဲ့ရင်” ဆိုတဲ့ ကျွန်မရဲ့ ပထမ စာအုပ်ကလေးနဲ့ တွဲပြီး ဖတ်ရင် ပိုပြီးပြည့်စုံပါလိမ့်မယ်။

အဲ့တော့ ဒီစာအုပ်ကလေးဟာ Right Person ရှာနေတဲ့ သူတွေ အတွက်ရယ်၊ Right Person ဆိုတဲ့ သဘောတရားလေးကို အတိအကျ နားမလည်သေးတဲ့ သူတွေ အတွက်ရယ်ကို သင့်တော်တဲ့ စာအုပ်ကောင်းလေး ဖြစ်မယ်လို့တော့ ယုံကြည်မိပါတယ်ရှင်။ ဖတ်ရှုပြီး အဆင်ပြေကြပါစေနော်။