
“ရင့်ကျက်ခြင်း” ဆိုတာ လူတိုင်း လိုချင်ကြတဲ့ အရည်အသွေးတစ်ခုပါ။ ဒါပေမယ့် ဒီအရည်အသွေးကို ရဖို့ဟာ ထင်ထားတာထက် အများကြီးပို ခက်ပါတယ်။ နာကျင်မှုတွေ၊ အရှုံးတွေနဲ့ မိမိကိုယ်ကိုယ် ထိန်းချုပ်အနစ်နာခံရမှုတွေနဲ့ရင်းနှီးပြီးမှ တဖြည်းဖြည်း ပိုင်ဆိုင်လာရတာမျိုးပါ။
ကျွန်တော်တို့အားလုံးဟာ ကိုယ်ကျင့်တရား ကောင်းချင်ကြတယ်။ စိတ်ချမ်းသာပျော်ရွှင်ချင်ကြတယ်။ လူတွေရဲ့ ယုံကြည်ခြင်း၊ ချစ်ခင်ခြင်းတွေကို ခံယူလိုကြတယ်။ ဒါပေမယ့် ကိုယ်ကိုယ်တိုင်ကတော့ အဲဒီကောင်းကျိုးတွေကို ရရှိဖို့အတွက် စွန့်လွှတ်ပေးဆပ်မှုတွေ မလုပ်ချင်ကြဘူး။ စည်းစနစ်တကျ သည်းခံစောင့်စည်းတာမျိုး၊ ရေရှည်အကျိုးကို ကြည့်ပြီး လောလောဆယ် နစ်နာရတာမျိုးကို ရှောင်လွှဲချင်ကြတယ်။
ဒါဟာ ကျွန်တော်တို့ရဲ့ နှလုံးသားမှာ ရင့်ကျက်တဲ့ စိတ်သဘောထား မရှိလို့ပါ။ ဒါမှမဟုတ် အားနည်းလို့သာ ဖြစ်ပါတယ်။ ဘာကိုပဲ လိုချင်သည်ဖြစ်စေ ကိုယ့်အနေနဲ့ ဘယ်လောက်အထိ ကိုယ်ဖြစ်ချင်တာအတွက် အပင်ပန်းခံနိုင်သလဲဆိုတာက မိမိရဲ့ရင့်ကျက်မှု အတိုင်းအတာပါပဲ။
အခုစာအုပ်မှာတော့ ကိုယ့်ရဲ့ စိတ်ဓာတ်အရည်အသွေးတွေကို မြှင့်တင်ပြီး ကိုယ့်ကိုယ်ကိုယ် ကောင်းသထက် ကောင်းအောင် ဘယ်လိုတည်ဆောက်နေထိုင်သင့်တယ်ဆိုတဲ့အကြောင်း ရေးသားထားတဲ့ အတွေးအမြင် ဆောင်းပါးပေါင်း ၂၄ ပုဒ် ပါဝင်ပါတယ်။
ရည်ရွယ်ချက်ကတော့ စာဖတ်သူတစ်ယောက်အနေနဲ့ အခုစာအုပ်ကို ပြီးဆုံးအောင် ဖတ်ပြီးသွားတဲ့အခါ မှန်ကန်တဲ့ အသိအမြင်တစ်ခု၊ မှန်ကန်တဲ့ နားလည်မှုတစ်ခု ရရှိသွားဖို့ပဲ ဖြစ်ပါတယ်။
LewisAvali says:
Hi there colleagues good post and good urging commented here I am truly enjoying by these. Limo service near me