မနေ့ကထက် ပိုချစ်တယ်

‘ချစ်တယ်’ တဲ့…
စိတ်ကိုနွေးထွေးပြီး ခွန်အားဖြစ်စေတဲ့ စကားလုံးလေးမို့ ‘အချစ်’ဆိုတဲ့ လုံခြုံနွေးထွေးတဲ့ရပ်ဝန်းလေးတစ်ခုမှာ လူတိုင်း ပျော်ရွှင်ခွင့် ရှိပါတယ်။
#ဒါ့ကြောင့်

🔸

 ကိုယ့်အပေါ် ချစ်ခင်ပေးကြသူတွေအတွက် အချိန်ပေးနိုင်ဖို့ ကြိုးစားမယ်။

🔸

 ကိုယ့်အတွက် အမြဲတွေးပေးတတ်တဲ့သူတွေအတွက် လက်ဆောင်ကောင်းတွေ ဖန်တီးမယ်။

🔸

 ကိုယ့်ဘဝအတွက် အရေးမပါတာတွေကိုတော့ လုံးဝဂရုမစိုက်တော့ဘူး။
#ပြီးတော့

🔸

 ကိုယ့်ကိုယ်ကိုယ် မနေ့ကထက် ဒီနေ့ ပိုပိုချစ်ပြီး အတောက်ပဆုံး ရှင်သန်မယ်။
#ဟုတ်ပါတယ်
‘ဘယ်သူ့ကို အချစ်ဆုံးလဲ’လို့ မေးရင် ‘ကိုယ့်ကိုယ်ကိုယ် အချစ်ဆုံး’ လို့ ဖြေချင်ပါတယ်။
ဒါ အမှန်တရားပဲ ဖြစ်တယ်။
#ဖောက်ပြန်ပြောင်းလဲနေတဲ့ ကမ္ဘာမြေကြီးပေါ်မှာ
ရှင်သန်ခွင့်ရတဲ့ နေ့ရက်တိုင်းအတွက် မနေ့ကထက် ဒီနေ့ ပိုချစ်ပါတယ်။
#ကြမ်းတမ်းလှတဲ့ လောကဓံတွေကို ရင်ဆိုင်ရင်း
ရှင်သန်ခွင့်ရတဲ့ နေ့ရက်တိုင်းအတွက် မနေ့ကထက် ဒီနေ့ ပိုချစ်ပါတယ်…. ဆိုပြီး အမုန်းတရားတွေ၊ အထီးကျန်အလွမ်းတွေ၊ မွန်းကြပ်မှုတွေ၊ ပူလောင်မှုတွေနဲ့ ဝေးရာကို အရောက်သွားရင်း နွေးထွေးတဲ့ရပ်ဝန်းလေးတစ်ခု ဖန်တီးစေချင်​တဲ့ စေတနာ၊ အေးချမ်းတဲ့ ခံစားချက်လေးနဲ့ စိတ်ကြည်လင်စေချင်တဲ့စေတနာတွေ များစွာနဲ့ အကြံပြု အားပေးထားတဲ့ စာအုပ်ကောင်းလေးတစ်အုပ်ဆိုပါတော့…။

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>