ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိရင် ဘာအလုပ်မှ လုပ်မနေပါနဲ့။ လုပ်လည်း ဘာမှဖြစ်လာမှာ မဟုတ်ဘူး။
ကိုယ်ဖြစ်ချင်တာတွေကို ပါးစပ်ကနေ ပြောနေရုံနဲ့ မရဘူး။ ယုံကြည်မှုရှိရှိနဲ့ လက်တွေ့ကျကျ အကောင်ထည် ဖော်ရတယ်။ သူ့အလိုလို ဖြစ်လာလိမ့်မယ်လို ထင်နေရင်တော့ အိပ်မက်တွေဟာ အိပ်မက်အဖြစ်နဲ့ပဲ ပြီးဆုံးသွားလိမ့်မယ်။
ကံကောင်းမဲ့အချိန်ကို ထိုင်စောင့်နေရင်တော့ အသက်တွေ ကြီးသွားလိမ့်မည်။ ကံတော့ ကောင်းလာ၊ မလား မသေချာပေမယ့် ဇရာတော့ ထောင်းလာမှာ သေချာပါတယ်။ ငယ်ရွယ်နုပျိုသန်မာတုန်းမှာ ကြိုးစားရလိမ့်မယ်။ ဒါမှ နောင်ရေး စိတ်အေးရမှာ ဖြစ်တယ်။
''ဒီနေ့ထက် မနက်ဖြန်ကို ပိုပြီးအားစိုက်ကြိုးပမ်းပါ။
ဒီနေ့ လုပ်နိုင်စွမ်းထက် မနက်ဖြန် နှစ်ဆပိုလုပ်ပါ။
နောက်ရက်တွေလည်း ဒီလိုစိတ်နဲ့ပဲ အသက်ရှင် ရပ်တည်ပါ။''