Home >> လူကြိုက်များသည့် စာအုပ်များ >> အမျိုးသမီးများ၏ ရစ်နည်း ၁၀၀
စာအုပ်အမည် - အမျိုးသမီးများ၏ ရစ်နည်း ၁၀၀
စာရေးသူ - ခင်ငြိမ်းစံ
စာမျက်နှာ - ၁၃၆ စာ
တန်ဖိုး - 10,000 ks
ဖုန်း - 09 4039 700 15 / 09 969 700 606 သို့ဆက်သွယ်မှာယူနိုင်ပါသည်။

စာအုပ်အရွယ်အစား -

အကြိမ်ရေ -

၂၁ စင်တီ

ဒုတိယအကြိမ်

💕စာညွှန်း -
'အမျိုးသမီးများ၏ ရစ်နည်း ၁၀၀' ဆိုတဲ့ ဒီစာအုပ်လေးဟာ ကျွန်မတို့လို အမျိုးသမီးတွေအတွက် အကျိုးများစွာရှိမယ့် စာအုပ်ကောင်းတစ်အုပ် ဖြစ်နိုင်သလို အမျိုးသားတွေအတွက်လည်း ပေါက်ကြားစာတစ်စောင်လို တန်ဖိုးရှိနေမယ့် စာအုပ်ကောင်းတစ်အုပ်လို့ ယူဆမိပါတယ်။ မရစ်တတ်သေးတဲ့ (ရိုးအ နုနယ်သေးတဲ့) အမျိုးသမီးတွေအတွက် ဒီစာအုပ်ဟာ ကိုးကားစရာ၊ မှီငြမ်းစရာ၊ သင်ယူလေ့လာစရာ 'ရစ်နည်း အခြေခံကျမ်း' လို့ ယူဆပြီး ဖတ်ရှုနိုင်ပါတယ်။ ရစ်တတ်ပြီးသား (ဝါရင့်) အမျိုးသမီးကြီးတွေအတွက်ကျတော့ ဒီစာအုပ်ကို ဖတ်ရှုလေ့လာပြီး "သြော်... ငါ မသုံးရသေးတဲ့နည်းတွေ ပါသေးတာပဲ" ဆိုပြီး ယူငင်အသုံးချလို့ ရနိုင်သလို ဖတ်နေရင်းနဲ့လည်း စာအုပ်ထဲ မပါသေးတဲ့ အဆင့်မြင့်ရစ်နည်းတွေ တီထွင်နိုင်ပါလိမ့်မယ်။ နည်းဗျူဟာအသစ်တွေနဲ့ အမျိုးသားတွေကို အရသာရှိရှိ ဆက်ပြီးရစ်နိုင်ဖို့ ကုန်ကြမ်းတွေကို ဒီစာအုပ်လေးထဲမှာ ရှာဖွေပါ။


  အမျိုးသားတွေအတွက်ကျတော့ ဒါဟာ ရန်သူ့တပ်စခန်းရဲ့ လျှို့ဝှက်ချက်တွေကို ဖွင့်ဖတ်ခွင့်ရမယ့် ပေါက်ကြားစာတစ်စောင်လိုပဲပေါ့။ 
  အမျိုးသမီးတွေ ဘယ်လို ရစ်ကြသလဲ။
  ဘယ်လိုရစ်ရင် ဘယ်လို အဓိပ္ပာယ်ကောက်ရမလဲ။
  ပြီးတော့...
  ဘယ်လို တုံ့ပြန်ရမလဲဆိုတာမျိုးတွေကို ကြိုတင်လေ့လာခွင့် ရရှိမှာ အသေအချာပါပဲ။ စာအုပ်အတွင်းမှာပါတဲ့ ရစ်နည်းတွေကို ကျေကျေညက်ညက် နားလည်ထားမယ်ဆိုရင် အချစ်ရေးမှာပဲဖြစ်ဖြစ်၊ အိမ်ထောင်ရေးမှာပဲဖြစ်ဖြစ် ဟန်ချက်ညီညီနဲ့ ငြိမ်းချမ်းစွာ ဆက်လျှောက်နိုင်မှာ ဖြစ်ပါတယ်။
ဒါပေမဲ့ တစ်ခုတော့ သတိပေးထားပါရစေ... 
စာအုပ်ထဲမှာပါတဲ့ ရစ်နည်း ၁၀၀ စလုံးကို အလွတ်ရနေအောင် ဖတ်မှတ်ထားပါစေဦးတော့ လက်တွေ့မှာ အမျိုးသမီးတစ်ယောက်နဲ့ ထိပ်တိုက်တွေ့ပြီး အရစ်ခံနေရပြီဆိုပါစို့။ အလွတ်ရအောင် လေ့လာထားခဲ့တာကြောင့် အသိပညာတွေဟာ အခြေခံအဆင့်လောက်ပဲ ရှိနေသေးတယ်ဆိုတာကို လုံးဝမမေ့ပါနဲ့။ ရစ်တဲ့နေရာမှာ အမျိုးသမီး တွေဟာ ဘယ်တော့မှ အဆုံး၊ အစ မရှိကြပါဘူး။

  ဒီစာအုပ်လေးကို ဖတ်ပြီး အမျိုးသမီးတွေအားလုံး ချစ်စရာကောင်းအောင် ရစ်တတ်ကြပါစေ။ အမျိုးသားတွေအားလုံး ပြုံးပြုံးလေးနဲ့ အရစ်ခံနိုင်ကြပါစေ။