စာအုပ်အရွယ်အစား -
အကြိမ်ရေ -
၂၁ စင်တီ
ပထမအကြိမ်
#စာညွှန်း -
ကလေးဘဝကနေ အသက် ၂၀ ထဲ စဝင်လာတဲ့အချိန်ဟာ ဘဝမှာ လုံးဝ မတွေးထားဖူးတဲ့ အကူးအပြောင်းတစ်ခု ဖြစ်လိမ့်မယ်။
ကျွန်မတို့အများစုအတွက် ကလေးကနေ လူကြီးတစ်ယောက်အဖြစ် ပြောင်းလဲရတာဟာ လှေကားထစ်ကို တစ်ဆင့်ချင်းစီ တက်ရသလို ဟုတ်မနေပါဘူး။
ရုတ်တရက် ရေနက်ထဲ တွန်းချခံလိုက်ရသလိုပါပဲ။
မနေ့ကအထိ စာမေးပွဲ အောင်ရင် လွတ်လပ်ပြီလို့ ထင်ခဲ့ရပေမဲ့ ဒီနေ့မှာတော့ တာဝန်ယူမှုဆိုတဲ့ အရာကြီးက ကိုယ့်ရဲ့ကျောပေါ်ကို အင်တိုက်အားတိုက် ဖိထားသလို ခံစားရလာတယ်။
ကိုယ့်ပတ်ဝန်းကျင်မှာ ပြောဆိုဆက်ဆံရသမျှ လူတွေဟာ ကိုယ့်ထက် အတွေ့အကြုံ ရင့်ကျက်တဲ့ လူကြီးတွေ ဝန်းရံလာတဲ့အခါ ကိုယ်မသိတဲ့ စည်းမျဉ်းတွေ၊ ကိုယ်နားမလည်နိုင်တဲ့ ဟန်ဆောင်မှုတွေနဲ့ မွန်းကျပ်စရာ ကမ္ဘာကြီးက အဆင်သင့် စောင့်ကြိုနေတတ်ပါတယ်။
စိတ်ညစ်တာထက် ရှင်သန်ဖို့၊ ရုန်းကန်ဖို့က ပိုအရေးကြီးလာတယ်။ အရင်က အမှားလုပ်မိရင် ငယ်သေးလို့ပါ ဆိုပြီး ခွင့်လွှတ်ပေးခဲ့ကြပေမဲ့ အခုတော့ အမှားသေးသေးလေးကအစ ကိုယ့်ခေါင်းပေါ် ဒဏ်ရာကြီးအဖြစ် တိုက်ရိုက်ကျရောက်လာတယ်။
ဒါဟာ တကယ့် Reality အမှန်တရားပါပဲ။
လူကြီးဖြစ်လာတယ်ဆိုတာ စိတ်ကြိုက် လွတ်လပ်ခွင့်ရတာ မဟုတ်ဘဲ လောကဓံရဲ့ ရိုက်ခတ်မှုတွေကို မျက်တောင်မခတ်ဘဲ ခံယူတတ်ရတဲ့ အစပြုခြင်းတစ်ခုသာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီလို ခံယူရတိုင်းလည်း ကိုယ့်ရဲ့ ပျော်ရွှင်မှုနဲ့ နူးညံ့မှုကို အရှုံးပေးလိုက်စရာ မလိုပါဘူး။
ဒါကြောင့် ရှေ့လျှောက် ကြုံလာရမယ့် နာကျင်မှုတွေကို သက်သာစေဖို့၊ အရာအားလုံးကို ရင်ဆိုင်ကျော်ဖြတ်နိုင်ဖို့နဲ့ ကလေးတုန်းကလို အားကိုးရာ လိုက်ရှာမယ့်အစား ကိုယ့်ကိုယ်ကိုယ်သာ အားကိုးရာ ဖြစ်လာစေဖို့ ဗုဒ္ဓဘာသာကျင့်စဉ်တွေ ပါဝင်တဲ့ တွေးခေါ် ကျင့်ကြံနည်းတွေကို စုစည်းပေးထားပါတယ်။
ကျွန်မအတွက် တကယ်အလုပ်ဖြစ်ခဲ့သလို လူငယ်တွေအတွက်လည်း ဘဝလမ်းမပျောက်စေမယ့် လမ်းပြမြေပုံတစ်ခုပါ။
ဆယ်ကျော်သက်လေးကနေ အသက် ၂၀ ပတ်ချာလည် အကူးအပြောင်းမှာ လောကဓံရဲ့ ဖိအားတွေကြား လမ်းမပျောက်ဘဲ ကိုယ့် Reality ကိုယ် အမှန်အတိုင်း ရင်ဆိုင်နိုင်ဖို့ လူငယ်တွေအတွက် ရည်ရွယ်ရေးသားထားတဲ့ Reality Check (အမှန်မြင်ခြင်း) စာအုပ်ကို ဖတ်ရှုဖို့ ဖိတ်ခေါ်ပါတယ်။
ယခုစာအုပ်မှ ဒဏ်ရာတွေကနေ ဉာဏ်ပညာအဖြစ်သို့ ပြောင်းလဲနိုင်ပါစေ။