" ချစ်တဲ့သူတွေနဲ့ မဝေးပါရစေနဲ့ "
ခေါင်းစဥ်လေးကို ရိုးရိုးလေးပဲ ပေးထားပါတယ်။
ဒီစာအုပ်လေးဟာ ကျနော်ရဲ့ ပထမဆုံး
solo ကဗျာစာအုပ်လေးပါ။ အသက်ရှူကျပ်နေတဲ့ကာလကြီးမှာ
ကဗျာကို အရဲစွန့်ပြီး ချစ်ကြည့်ခြင်းပါပဲ။
ရှင်သန်ရတဲ့ဘ၀လေးတစ်ကွေ့မှာ အထီးကျန်၀မ်းနည်းတဲ့အခါ ဖေးမနှစ်သိမ့်ဖို့၊ အားပေးဖို့၊ ပျော်ရွှင်မှုတွေကို မျှဝေခံစားဖို့ ချစ်ခြင်းမေတ္တာတွေ လိုအပ်ပါတယ်။ အထူးသဖြင့် ကိုယ်ချစ်တဲ့သူတွေပေါ့။
ဒိီစာအုပ်လေးမှာ ညီလေး သျှန်းမိုးအိမ်က အမှာစာရေးပေးပြီး အစ်မ လိပ်ပြာနက်က အမှတ်တရစကားလေး ရေးပေးထားပါတယ်။
ကဗျာပုဒ်ရေ (၆၅)ပုဒ်ပါ၀င်ပြီး လက်ဆောင်အနေနဲ့ တစ်စုံတစ်ယောက်စီကို ပါးတဲ့ ပေးစာလေးတွေ ဖတ်ရှုရမှာပါ။
ဆရာဆန်း ပြောသလိုပေါ့။
နှလုံးသားနဲ့ရေးတဲ့ကဗျာကို ဖတ်ဖို့
နှလုံးသားထက်ကောင်းတဲ့အရာ မရှိဘူးမို့လား။
ချစ်သော မျက်စိ၊ နွေးထွေးသောနှလုံးသားလေးတွေနဲ့ မျှဝေခံစားဖတ်ရှုပေးကြပါလို့ တိုက်တွန်းရင်း ချစ်တဲ့သူတွေနဲ့ မဝေးကြပါစေနှင့်---