Home >> စာအုပ်ဖတ်အညွှန်းများ >> လူတိုင်းရဲ့အာရုံမှာ ကိုယ်ပဲ ရှိနေပါစေ
စာအုပ်အမည် - လူတိုင်းရဲ့အာရုံမှာ ကိုယ်ပဲ ရှိနေပါစေ
စာရေးသူ - မျိုးကျော်ဦး(ချယ်ရီစံ)
စာမျက်နှာ - ၁၁၁
တန်ဖိုး - ၅၀၀၀ ကျပ်
ဖုန်း - 09 444 987 928 / 09 403 970 015 သို့ဆက်သွယ်မှာယူနိုင်ပါသည်။

လူတွေရဲ့ စိတ်ဝင်စားမှုကို ခံယူ၊ ရယူချင်တယ်ဆိုရင် အရာရာမှာ ပုံသေတွက်ထားလို့ မရဘူးဆိုတာကို သိထားသင့်ပါတယ်။ အဲဒီလို မသိထားဘဲ ခပ်လွယ်လွယ် တွက်ဆထားမိရင် ကိုယ့်အနေနဲ့ နောက်ကျကျန်ခဲ့ဖို့ ရာခိုင်နှုန်းများသွားပါလိမ့်တယ်။

ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ့်ထက် တစ်ခုခုသာနေတဲ့ ပြိုင်ဘက်ဆိုတာ သေချာပေါက် ရှိနေတတ်ပါတယ်။ အဲဒီအချက်ကို လူအများစုက ထည့်မစဥ်းစားမိတတ်ကြပါဘူး။ ပြိုင်ဘက်ကို ဘယ်တော့မှ အထင်မသေးမိဖို့ ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း သတိပေးနေပါ။ ပြိုင်ဘက်ကလည်း ကိုယ့်လိုပဲ အမြဲစဥ်းစားတွေးခေါ်နေမယ်ဆိုတာကိုပါ သိထားရပါလိမ့်မယ်။ ဒီခေတ်ထဲမှာ သိုသိုသိပ်သိပ်နေထိုင်ခြင်းကလည်း ပြိုင်ဘက်တွေအနေနဲ့ကိုယ့်ရဲ့ ဟာကွက်၊ ပျော့ကွက်တွေကိုအလွယ်တကူ မသိရှိနိုင်တဲ့အချက်တစ်ခု ဖြစ်သွားတတ်ပါတယ်။ လူတွေရဲ့အာရုံမှာ ကိုယ်မှကိုယ်ဖြစ်နေဖို့ဆိုရင် အများစုလုပ်နေတဲ့ပုံစံတွေနောက် မလိုက်ဘဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုပ်ဆောင်တတ်ဖို့ကိုလည်း ကြိုးစားသင့်ပါတယ်။ ဒါဆို အတိုင်းအတာတစ်ခုအထိတစ်ပါးသူတွေရဲ့အာရုံမှာ ကိုယ်ပဲ ရှိနေလိမ့်မယ်ဆိုတာ မလွဲဧကန်ပါပဲ။

Related Books


Create good days
မျက်ရည်လွယ်သောသူများ ဖတ်ဖို့
စိတ်အကြည်ဓာတ် ရရှိပါစေ…
နေ့ရက်တိုင်း ပျော်ပါစေ
ကျွန်မ… အိမ်ရှင်မ
အိမ်အပြန် မျက်နှာပန်းလှပါစေ