Home >> စာအုပ်ဖတ်အညွှန်းများ
စာအုပ်အမည် - ချစ်ရတာ မတန်လိုက်တာ မောင်ရယ်
စာရေးသူ - သိုက်(ရွှေကူ)
စာမျက်နှာ - ၁၇၆
တန်ဖိုး - ၅၅၀၀ ကျပ်

လူတိုင်းသည် အချစ်နှင့် ကင်းကြသူများမဟုတ်။ တချို့က ပြောကြသည်။ “တစ်ထောင့်ငါးရာအချစ်နဲ့ချစ်တာလား… ငါးရာနှစ်ဆယ့်ရှစ်အချစ်နဲ့ ချစ်တာလား” တဲ့။ ငါးရာနှစ်ဆယ့်ရှစ်မေတ္တာသည် အေးမြ၏။ သာယာပျော်ရွှင်ဖွယ်ကောင်း၏။ ကြည်နူးစရာကောင်း၏။ သို့သော် တစ်ထောင့်ငါးရာအချစ်စစ်ခဲ့ပါလျှင် ငါးရာနှစ်ဆယ့်ရှစ်အချစ် လိုက်မမီတော့ပါ။ ဤနေရာတွင် အချစ်စစ်အချစ်မှန်နှင့် မတွေ့ဘဲ အချစ်တု၊ သံယောဇဉ်အတုများနှင့် ကြုံတွေ့လာရသောအခါ ခံစားရမည့်သူမှာ ပိုချစ်ရသည့်သူပါ။ …..

စာအုပ်အမည် - လူတိုင်းရဲ့အာရုံမှာ ကိုယ်ပဲ ရှိနေပါစေ
စာရေးသူ - မျိုးကျော်ဦး(ချယ်ရီစံ)
စာမျက်နှာ - ၁၁၁
တန်ဖိုး - ၅၀၀၀ ကျပ်

သည်စာအုပ်လေးက လူ့ဘ၀ထဲက ဥပ‌ဒေဆိုသည့်အလျောက် လူနေမှုနေ့စဉ်ဘ၀ထဲက အဖြစ်များသော၊ အမြဲကြုံတွေ့ရတတ်သော အမှုအခင်းများကို စနစ်တကျနဲ့ သေသေချာချာလေး ရှင်းပြ၊ ရေးပြပေးထားတာ ဖြစ်ပါတယ်။ အမှုအခင်းတစ်ခု မိမိရှေ့မှာ မြင်လိုက်သည်နှင့် မည်သည့်ပြစ်မှုမြောက်ပြီး မည်သို့ ဆောင်ရွက်ရမည်ကို သိရှိနိုင်မှာဖြစ်သလို မိမိကိုယ်တိုင် ကြုံတွေ့ရသည့်အခါမျိုးမှာလည်း မည်သို့ လုပ်ကိုင်ရမည်၊ မည်သည့်အချက်များကို ရှောင်ပြီး မည်သည့်အချက်များကို …..

စာအုပ်အမည် - နှလုံးသားသရဏဂုံဖြင့် ဘ၀ကုံလုံချမ်းမြေ့စေမယ်
စာရေးသူ - ကောင်းမြင့်မြတ်စိန်
စာမျက်နှာ - ၁၁၈
တန်ဖိုး - ၄၅၀၀ ကျပ်

တက္ကသိုလ်တွေ ကွဲပြားခြားနားနေသော်လည်း တက္ကသိုလ်ကျောင်းသားဘဝ ခံစားမှုကတော့ အတူတူပဲဖြစ်မည်ဟု ထင်မိပါသည်။
တက္ကသိုလ်မှ ဘွဲ့တစ်ခုရ၍ အမိတက္ကသိုလ်ကြီးကို နှုတ်ဆက်ခွဲခွာခဲ့ရသော်လည်း နှစ်တွေ၊ အချိန်တွေ ကြာညောင်းခဲ့ပါစေ အမိတက္ကသိုလ်ကြီးနှင့် တက္ကသိုလ်ကျောင်းသားဘဝကို မေ့လို့မခဲ့ပေ။
ကျွန်တော်တို့ဘဝတွေထဲက ပျော်ရွှင်စရာအချိန်ကာလတစ်ခုကို ပြရမည်ဆိုလျှင် …..

စာအုပ်အမည် - လောကမှာ ဘာအရေးကြီးဆုံးလဲ
စာရေးသူ - ဦးမြင့်ခိုင်(စိတ်ပညာ)
စာမျက်နှာ - ၁၂၈
တန်ဖိုး - ၃၈၀၀

ကမ္ဘာကျော် ပုဂ္ဂိုလ်ကြီးများနှင့် ဗုဒ္ဓဘာသာ သူတော်စင်ကြီးများ၏ ဗုဒ္ဓဘာသာနှင့်ပတ်သက်သာ အနာဂတ် ဟောကိန်းကြီးများ။
သိပ္ပံပညာရှင်များ လေ့လာ၍မရသော ဗုဒ္ဓ အဘိဓမ္မာအကြောင်း။
လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင့်ငါးရာကျော်က 
အရာဝတ္တုများ၊ လူများ ပျောက်ဆုံးခြင်းအကြောင်းနှင့် ယနေ့ခေတ် ပျောက်ဆုံးခြင်းများအကြောင်း။ …..

စာအုပ်အမည် - ဆင်ကလေးရဲ့ နောင်တ
စာရေးသူ - စောယန်ထူး
စာမျက်နှာ - ၁၆ (ကတ်ပြား ချော/ထူ)
တန်ဖိုး - ၄၀၀၀

လောက ဖြစ်စဉ်တွေထဲမှာ…
ရိုးစင်းတဲ့ အကြောင်းအရာတွေ ရှိတတ်သလို 
ဆန်းသစ်တဲ့ အကြောင်းအရာတွေလဲ ရှိတတ်ပါတယ်။ 
ဒီ စာအုပ်ကလေးထဲမှာတော့…