Home >> စာအုပ်ဖတ်အညွှန်းများ
စာအုပ်အမည် - မနေ့ကထက် ပိုချစ်တယ်
စာရေးသူ - ဆောင်းချစ်
စာမျက်နှာ - 96
တန်ဖိုး - 5000 ks

ဒီစာအုပ်လေးက စာရေးသူရဲ့ ပထမဆုံးသော ဝတ္ထုတိုစာအုပ်ကလေး ဖြစ်ပါတယ်။ စုစုပေါင်း ဝတ္ထုတို (၁၀) ပုဒ်တိတိပါဝင်ပြီး တစ်ပုဒ်စီတိုင်းမှာ – ဘဝရသများ၊ 
လူနေမှုစရိုက်များကို ထင်ဟပ်စေသော ဇာတ်ကောက်စရိုက်များ၊ 
ဆင်ခြင်စရာ လူမှုရေးပြဿနာများနှင့် အတုယူဖွယ်ရာ ဘဝသင်ခန်းစာများကိုလည်း …..

စာအုပ်အမည် - လူငယ်တစ်ယောက် လျှောက်သောလမ်း
စာရေးသူ - သုနေ
စာမျက်နှာ - 132
တန်ဖိုး - 8000 ks

ယခုစာအုပ်လေးထဲတွင် လူငယ်များအတွက် ခွန်အားဖြစ်စေရန်၊ ရည်မှန်းချက် ခိုင်မာပြတ်သားစေရန်၊ ဝါသနာနှင့် ဝမ်းရေးကို ချိန်ညှိတတ်စေရန်၊ ကိုယ်လျှောက်မည့်လမ်းကို မှန်ကန်စွာရွေးချယ်တတ်စေရန်၊ ထိုလမ်းအတွက် ဇွဲရှိစေရန်၊ လမ်းမှားများကို မလျှောက်မိစေရန် စသော အကြောင်းအရာများ ပါရှိလေသည်။ စာအုပ်၏ နေရာတစ်ခုတွင် စာရေးသူက အောက်ပါတိုင်း ညွှန်းဆိုဖော်ပြထား၏။ ယင်းမှာ …..