Home >> စာအုပ်ဖတ်အညွှန်းများ
စာအုပ်အမည် - ပြောဖြစ်ခဲ့သော စကားများ - ၁
စာရေးသူ - နောင်ရိုးနွယ်
စာမျက်နှာ - ၉၄
တန်ဖိုး - ၃၅၀၀

အခုအချိန်မှာ ငယ်ငယ်က အကြောင်းလေးတွေကို ပြန်ပြီး သတိရနေမိပါတယ်။
အဘိုးနဲ့အဘွားတို့ကပဲဖြစ်ဖြစ်၊
အဖေနဲ့အမေတို့ကပဲဖြစ်ဖြစ်၊
ဦးကြီးနဲ့ဦးလေးတို့ကပဲဖြစ်ဖြစ်၊ ….

စာအုပ်အမည် - ရွာပျောက်ကြီး
စာရေးသူ - ခင်(တောင်ကြီး)
စာမျက်နှာ - ၂၀၇
တန်ဖိုး - ၈၀၀၀

ဆရာမ မေလှိုင်းဖြူက ငပလီကမ်းခြေမှာ နေထိုင်သူတစ်ဦးဖြစ်ပြီး ငပလီကမ်းခြေဒေသ လူနေမှု
ဘဝအထွေထွေကို သုတ၊ ရသ နှောပြီး ဝတ္ထုလေးတွေ ဖန်တီးနေတတ်သူဖြစ်ပါတယ်။
ငပလီကမ်းခြေဒေသမှ ဖြစ်စဥ်များက ကျွန်မအား စာရေးဖြစ်စေရန် အမြဲလှုံ့ဆော်လျက်ရှိပြီး ကမ်းခြေလူနေမှု အခြေအနေများကို မှတ်တမ်းတင်စေဖို့ရာ မိမိမှာ တာဝန်တစ်ရပ် အဖြစ်ခံယူထားပါတယ်လို့ ဆရာမက ဆိုထားပါတယ်။ ….

စာအုပ်အမည် - ကသစ်မြေမှာ ပွင့်တဲ့ အချစ်ပန်း
စာရေးသူ - သိုက်(ရွှေကူ)
စာမျက်နှာ - ၂၀၇
တန်ဖိုး - ၆၅၀၀ ကျပ်

သာမာန်သူတို့ ရောက်နိုင်ခဲလှသော ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့နယ်အတွင်းက သစ်မှောင်ခို၊ မူးယစ်ဆေးဝါးမှောင်ခို၊ လောင်းကစားလုပ်ငန်းနဲ့ ရွှေလုပ်ငန်းအကြောင်းကို ရင်သပ်ရှုမောဖွယ်ရာ ဖတ်ရှုရမဲ့ ဘဝသရုပ်ဖော် ဝတ္ထုစစ်စစ်။ လူတိုင်းမှာ နှလုံးသားရှိကြပါတယ်။ နှလုံးသားရှိသူတိုင်း ချစ်တတ်ကြပါလိမ့်မယ်။ ဒါကြောင့်လည်း မှောင်ခိုဘဝနဲ့ ဖို မ သဘာဝချစ်ခြင်းမေတ္တာကို ထည့်သွင်းပုံဖော်ထားပါတယ်။ …..

စာအုပ်အမည် - နံပါတ်တစ်
စာရေးသူ - သုနေ
စာမျက်နှာ - ၁၃၄
တန်ဖိုး - ၆၀၀၀ ကျပ်

နယ်ပယ်စုံ… ကဏ္ဍစုံ နေရာစုံမှာ…
လူတိုင်းကတော့ ထိပ်ဆုံးဆိုတဲ့ ‘နံပါတ်တစ်’ နေရာကို လိုချင်ကြမှာပါပဲ။ ဒါပေမဲ့ နံပါတ်တစ်ဆိုတာ လူတိုင်း ရောက်နိုင်တဲ့နေရာတော့ မဟုတ်ပါဘူး။အရေးအကြီးဆုံးက ကိုယ်လိုချင်တဲ့ နံပါတ်တစ်က ဘယ်လိုနေရာမျိုးမှာလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးစဉ်းစားကြည့်ဖို့လည်း လိုအပ်ပါတယ်။ …..

စာအုပ်အမည် - ငြိမ်းချမ်းခြင်းကို ခံစားတတ်ဖို့ဆိုရင်
စာရေးသူ - နူးနူးအောင်
စာမျက်နှာ - ၁၅၈
တန်ဖိုး - ၇၀၀၀ ကျပ်

ဆရာမ လင်းလက်ချို(ကျောက်တော်) က စာ အရေးအသား ကောင်းမွန်ပြီး နှလုံးသားနဲ့ အတတ်ပညာကို အချိုးညီညီ ပေါင်းစပ်ချယ်မူန်းနိုင်သူ ဖြစ်ပါတယ်။ သူ့ရဲ့ အနုပညာဖန်တီးမှုဖြစ်တဲ့ ဒီစာအုပ်လေးထဲက ဝတ္ထုတိုလေးတွေဟာ အာရုံခံစားမူ အားကောင်းကောင်းနဲ့ ဖြစ်စဉ်အကြောင်းအရာတွေကို စိတ်ဝင်စားဖွယ် ရေးသားဖွဲ့နွဲ့ထားတာကိုလည်း တွေ့ရပါတယ်။  ကစ္ဆပနဒီ မြစ်ကမ်းနံဘေးမှာ နေထိုင်သူပီပီ ကစ္ဆပနဒီမြစ်ရဲ့ အလှကို စာဖွဲ့တယ်။ …..