Home >> စာအုပ်ဖတ်အညွှန်းများ >> စီးပွားရေးကို ဘယ်လိုစတင်ရမှာလဲ
စာအုပ်အမည် - စီးပွားရေးကို ဘယ်လိုစတင်ရမှာလဲ
စာရေးသူ - မျိုးကျော်ဦး(ချယ်ရီစံ)
စာမျက်နှာ - 111
တန်ဖိုး - 9000 ks
ဖုန်း - 09 444 987 928 / 09 403 970 015 သို့ဆက်သွယ်မှာယူနိုင်ပါသည်။

စီးပွားရေးလုပ်တယ်ဆိုတာ အသက်အရွယ်တစ်ခုရောက်မှ၊ အချိန်ကာလ ကောင်းမှ၊ အရင်းအနှီးနဲ့ ဝမ်းစာပြည့်နေမှ လုပ်ရမှာမျိုး မဟုတ်ပါဘူး။ အဓိက အချက်က ကိုယ့်စိတ်မှာ လုပ်ချင်စိတ်ပြင်းပြလာပြီဆိုရင် စတင်လို့ ရပါတယ်။
ဘဝဆိုတဲ့ အချိန်ကာလဟာ တိုတောင်းလွန်းလှပါတယ်။ လူ့ဘဝ အချိန်ခဏလေးအတွင်းမှာ ပညာတွေချည်း သင်ယူပြီးမှ စီးပွားရေးလုပ်မယ်ဆိုရင် အရာရာမှာ နှောင့်နှေးသွားနိုင်ပါတယ်။ ဒီနေ့ခေတ်ထဲမှာ ပညာတွေ သင်ရင်း စီးပွားရေးကိုပါ တွဲလုပ်လို့ ရနေပါပြီ။ ဝန်ထမ်းဘဝကို ရောက်ရှိနေပြီး လက်ရှိဘဝက ပျော်စရာအနေအထားတစ်ခု ဖြစ်မနေခဲ့ဘူးဆိုရင်လည်း ဒါဟာ ဝမ်းနည်းစရာတော့ မဟုတ်ပါဘူး။
ရောက်နေတဲ့ အနေအထားကနေ တိုးတက်အောင်မြင်ဖို့ စီးပွားရေးကို ဝန်ထမ်းအလုပ်တစ်ဖက်နဲ့ တွဲလုပ်လို့ ရနိုင်ပါတယ်။ ဝင်ငွေလမ်းကြောင်းတစ်ခုတည်းအပေါ်မှာ ရပ်တည်ဖို့ဆိုတာ အတော်ခက်ခဲပါတယ်။ ရလာတဲ့ဘဝမှာ ကြိုးစားရုန်းကန်မှုမရှိဘဲ အချိန်တွေ ကုန်ဆုံးသွားမှာ နှမြောစရာ ကောင်းလှပါတယ်။
ကိုယ့်အနေနဲ့ စီးပွားရေးကို ဘယ်လိုစတင်ရမယ်မှန်း မသိသေးဘူးဆိုရင်၊ ကြိုးစားမှုကို ဘယ်လိုအရှိန်တင်ရမယ်မှန်း မသိသေးဘူးဆိုရင် ဒီစာအုပ်လေးကို ဖတ်ကြည့်သင့်ပါတယ်။

Related Books


မျှဝေလိုသော ဥပဒေမှတ်စုများ
လူ့ဘဝထဲက ဥပဒေ(ဒုတိယတွဲ)
Steel Structure Estimate[Part-1] ပထမအဆင့် သိမှတ်ဖွယ်ရာများ
The BUSINESS GAME – စီးပွားရေးကစားပွဲ
Options Selling နည်းလမ်းဖြင့် Financial Freedom ရယူခြင်း
Strategic Content Marketing