တချို့ အမှန်တရားတွေက နားနဲ့ မကြားနာဝံ့အောင်၊ ပါးစပ်ကနေ ထုတ်မပြောဝံ့အောင်အထိ ခါးသီးလွန်းနေတတ်ပါတယ်။ အဲဒီလို ခါးသီးလွန်းတဲ့ အမှန်တရားတွေထဲက အဖြစ်အပျက်တစ်ခုကို ဝတ္ထုအသွင်နဲ့ ဆီလျော်အောင် ရေးဖွဲ့ထားပါတယ်။
ဒီစာအုပ်လေးဟာ အပြင်လောကမှာ တကယ်ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို အခြေခံပြီး စိတ်ကူးနဲ့ပေါင်းစပ်ကာ ရေးသားထားခြင်းလည်းဖြစ်တယ်။ …..
ဤဝတ္ထုသည် အမျိုးသမီးတစ်ယောက်၊ အစ်မတစ်ယောက်၊ နှမတစ်ယောက်၊ ဇနီးတစ်ယောက်၊ မိခင်တစ်ယောက်၏ ဘဝအထွေထွေကို ခြယ်မှုန်းရေးသားထားသော ရသဝတ္ထုတစ်ပုဒ်ဖြစ်သည်။
ဧရာဝတီတိုင်းထဲက တောတောင်ရေမြေတွေ ပတ်ချာလည်ဝိုင်းနေတဲ့ ရွာသေးသေးကလေးမှာ ကြီးပြင်းခဲ့ရတဲ့ ခပ်နုံနုံအမျိုးသမီးလေးတစ်ယောက်…..
“သုခရတနာသိုက်” ဆိုတာ အမှန်တော့ –
. သုခ = ချမ်းသာခြင်း။
. ရတနာ = နှစ်သက်မြတ်နိုးဖွယ်ဖြစ်သောအရာ။
. သိုက် = အစုအဝေး၊ အသိုက် …..
ရှင်သန်ခြင်းရဲ့အဓိပ္ပာယ်ကို ဘယ်လိုခံယူထားသလဲ။
နေ့စဥ်နေ့တိုင်း ရိုးရိုးရှင်းရှင်း နေထိုင်ရှင်သန်သွားနိုင်ဖို့ ဘာတွေ လိုအပ်မယ်လို့ ယူဆထားသလဲ။
ဘဝမှာ အများကြီး ခမ်းနားထည်ဝါဖို့ မလိုအပ်ပါဘူး။ ကိုယ်တတ်နိုင်တဲ့အင်အားမျိုးနဲ့ ရှင်သန်နေဖို့သာ အရေးကြီးတာပါ။
ပြဿနာတွေ မကြုံဖို့ ဘုရားထံကိုဆုမတောင်းဖြစ်ပါဘူး။ …..
အခုအချိန်မှာ ငယ်ငယ်က အကြောင်းလေးတွေကို ပြန်ပြီး သတိရနေမိပါတယ်။
အဘိုးနဲ့အဘွားတို့ကပဲဖြစ်ဖြစ်၊
အဖေနဲ့အမေတို့ကပဲဖြစ်ဖြစ်၊
ဦးကြီးနဲ့ဦးလေးတို့ကပဲဖြစ်ဖြစ်၊ ….