Home >> လူကြိုက်များသည့် စာအုပ်များ >> သူ့ခြေသံ
စာအုပ်အမည် - သူ့ခြေသံ
စာရေးသူ - နောင်ရိုးနွယ်
စာမျက်နှာ - ၁၃၄
တန်ဖိုး - ၄၀၀၀ ကျပ်
ဖုန်း - 09 444 987 928 / 09 403 970 015 သို့ဆက်သွယ်မှာယူနိုင်ပါသည်။

စာအုပ်အရွယ်အစား -

အကြိမ်ရေ -

21 cm

ဒုတိယအကြိမ်

လူသားတစ်ယောက်အနေနဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ရမယ်ဆိုတာ သဘာဝပါပဲ။ အဲဒီလို ရပ်တည်ဖို့က လွယ်သလားဆိုတော့လည်း ထင်သလောက်တော့ မလွယ်လှပါဘူး။ ဝါသနာအရ ရပ်တည်ရှင်သန်ဖို့ဆိုရင် ပိုလို့တောင် ခက်ခဲနိုင်ပါလိမ့်မယ်။

"သူ့ခြေသံ"ဝတ္ထုထဲက 'မျိုးမြင့်'ဆိုသူဟာ ခြေအင်္ဂါ မသန်စွမ်းတဲ့ လူငယ်သတင်းသမားလေး တစ်ဦးပါ။ အခြားသူတွေက သူတို့ရဲ့ခြေထောက်ကိုသုံးပြီး လှုပ်ရှားသွားလာနေချိန်မှာ သူကတော့ ချိုင်းထောက်များကိုသာ အမှီပြုနေရသူ ဖြစ်ပါတယ်။ ဒါပေမဲ့ သူရဲ့ ခံယူချက်၊ ရပ်တည်ချက်နဲ့ ဝါသနာအရ စွန့်စားမှုတွေက အံ့သြစရာ ကောင်းလွန်းလှပါတယ်။ အတုယူဖွယ်ရာ ကောင်းလွန်းလှပါတယ်။

ပရဟိတအလုပ်တွေ၊ စာပေအလုပ်တွေနဲ့ သတင်းရေးသားခြင်းအလုပ်တွေကို နေ့စဥ်လုပ်နေရသူ မျိုးမြင့်မှာလည်း အခက်အခဲတွေဆိုတာ ရှိနေတာပါပဲ။ 

#ရှုပ်ထွေးလှတဲ့ မိသားစုအရေးတွေ...

#များပြားလှတဲ့စာပေကိစ္စတွေ...

#ကွင်းဆင်းယူရတဲ့ သတင်းတွေဆိုတာ သူ့အတွက် နေ့စဥ်နဲ့အမျှဆိုပါတော့။

အစ်ကိုဖြစ်သူရဲ့ အမြဲတမ်း အနိုင်ကျင့်ဗိုလ်ကျမှုတွေ ရှိသလို ခိုးဆိုးလုနှိုက် ဒုစရိုက်သမားတွေရဲ့ ယုတ်မာမှုတွေနဲ့လည်း ကြုံနေရသူ ဖြစ်ပါတယ်။

ဒါတွေအားလုံးကို သူ ဘယ်လို ကျော်ဖြတ်သလဲ၊ ဘယ်လိုဖြေရှင်းသလဲ၊ ဘယ်လိုရင်ဆိုင်သလဲဆိုတာ "သူ့ခြေသံ" ဝတ္ထုထဲမှာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။

ဒီဝတ္ထုထဲမှာ မသန်စွမ်း သတင်းသမားလေးတစ်ယောက်က သူ့ဘဝ၊ သူ့ဝါသနာအတွက် ဘယ်လို ရပ်တည်နေလဲ၊ သူ့အပေါ်ကျရောက်လာတဲ့ စိတ်ဖိစီးမှုတွေနဲ့ အန္တရာယ်တွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းနေလဲဆိုတာ တွေ့ရှိရမှာဖြစ်သလို ညီအစ်ကိုနှစ်ယောက်ရဲ့ ပတ်သက်မှု၊ ယှက်နွယ်မှု၊ မေတ္တာတရားကြီးမားမှုတွေကိုလည်း ရင်နင့်ဖွယ်ရာ ဖတ်ရှုခံစားရပါလိမ့်မယ်။

မသန်စွမ်းတစ်ယောက်တောင်မှ သူ့ဘဝသူကျောင်းပြီး လောကဓံကို တုပြိုင်နိုင်သေးတယ်ဆိုရင် သာမန်လူတွေအနေနဲ့ ကိုယ့်ဘဝကို အရှုံးပေးစရာ၊ စိတ်ပျက်အားငယ်စရာ၊ စိတ်ဓာတ်ကျနေစရာ လုံးဝမလိုပါဘူးဆိုတာ ထင်ရှားလှပါတယ်။