စာအုပ်အရွယ်အစား -
အကြိမ်ရေ -
21 cm
ပထမအကြိမ်
✅မိသားစုအတွက် အဖေ့ခန္ဓာကိုယ်က ကျလာတဲ့ ချွေးစက်တိုင်းဟာ ဘယ်တော့မှ အလဟဿ မဖြစ်သလို တန်ဖိုးလည်း မမဲ့ပါဘူး။ အချိုချွေးစက်တွေက စားဝတ်နေရေး၊ အချိုက ကျောင်းလခ၊ အချိုကတော့ ကျန်းမာရေးအတွက် ဖြစ်ပါတယ်။ ချွေးစက်တစ်စက်ချင်းစီတိုင်းဟာ အဖေ့ရဲ့ နှုတ်ဆိတ်နေတဲ့ ချစ်ခြင်းမေတ္တာတွေပါပဲ။
✅ မိမိကိုယ်တိုင် ဝတ်ကောင်းစားလှ ဝတ်ရဖိုထက်၊ သားသမီးတွေရဲ့ ပခုံးပေါ်မှာ ကျောင်းလွယ်အိတ်လေးနဲ့၊ ခြေထောက်မှာ ဖိနပ်အလှလေး ရှိနေစေဖိုက အဖေတိုင်းရဲ့ ပထမဆုံးဆန္ဒပါ။
✅ အဖေ့မေတ္တာကို သိချင်ရင် အဖေ့မျက်နှာကို မကြည့်ပါနဲ့။ ကြမ်းတမ်းနေတဲ့ လက်ဖဝါး၊ ကွဲအက်နေတဲ့ ခြေဖနောင့်နဲ့ အသားမာတက်နေတဲ့ ပခုံးတွေကိုသာ ကြည့်ပါ။
✅ အဖေဆိုတာ သားသမီးရဲ့ အနာဂတ်အတွက် အချိန်နဲ့ ချွေးစက်တွေကို ရင်းပြီး ပေးဆပ်နေတဲ့ လူသားတစ်ယောက်ပါ။
✅ အဖေ့ရဲ့ချွေးစက်တွေသာ ဆေးစက်တွေ ဖြစ်မယ်ဆိုရင် ကမ္ဘာမှာ အလှဆုံး ပန်းချီကားက အဖေဖြစ်မှာ သေချာပါတယ်။
ထုတ်ပြောလေ့မရှိတဲ့ ဖခင်တစ်ယောက်၏ ချစ်ခြင်းမေတ္တာတွေကို ဒီစာအုပ်လေးထဲမှာ မြင်တွေ့ရပါလိမ့်မယ်။