စာအုပ်အရွယ်အစား -
အကြိမ်ရေ -
၂၁ စင်တီ
တတိယအကြိမ်
💕စာညွှန်း -
☝️ကျွန်တော် ဒီဝတ္ထုလေးကို ရေးဖို့ အချိန် (၁) နှစ်နီးပါး ကြာခဲ့သလို ပုဂံကိုလည်း နှစ်ခေါက်အထိ သွားခဲ့ရပါတယ်။ ဒီဝတ္ထုလေးဟာ ‘အချစ်’ဆိုတဲ့ သဘောတရားကို ကျော်လွန်ပြီး -
မြန်မာလူမျိုးတစ်ယောက်၊
အနုပညာသမားတစ်ယောက်၊
ယောက်ျားတစ်ယောက်၊
လူသားတစ်ယောက်ရဲ့ စိတ်အလွှာ နုနုလေးကို အခြေခံ ရေးထားခြင်း ဖြစ်ပါတယ်။ တိုတောင်း လွန်းလှတဲ့ လူ့ဘဝလေးထဲမှာ ဖြစ်ပျက်ကြုံတွေ့ရလေ့ရှိကြတဲ့ သဘောတရားတွေ၊ ကံကြမ္မာတွေကို သင့်တင့်မျှတအောင် ရောနှောခြယ်မှုန်းထားခြင်း ဖြစ်ပါတယ်။
ပုဂံဆိုတာ မြန်မာတွေရဲ့ အသည်းနှလုံး။ မြန်မာတွေရဲ့ ရှေးအမွေအနှစ်။
ပုဂံကို အလည်လာတဲ့ နိုင်ငံခြားသူတစ်ယောက်ရဲ့ စိတ်နေစိတ်ထား၊ အိမ်ရှင်ဖြစ်တဲ့ မြန်မာ နိုင်ငံသားတစ်ယောက်ရဲ့ သစ္စာတရား၊ ပြီးတော့ နောက်ထပ် ဂျပန်မိန်းကလေးငယ် တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာ… အားလုံးကို ဒီဝတ္ထုလေးထဲမှာ တွေ့မြင်ရမှာပါ။
မြန်မာ့ဂုဏ်…မြန်မာ့စိတ်ရင်း…
မြန်မာ့အမွေအနှစ်တွေကြားမှာ လူသား သုံးယောက်ရဲ့ ဝမ်းနည်းဖွယ် အဖြစ်အပျက်၊ လွမ်းဖွယ် ပုဂံအင်ပါယာ၊ ရှေးဟောင်းဘုရားစေတီတွေ၊ အညာနွေရဲ့ မြေသားလမ်းတွေ၊ ပြီးတော့ တမာထနောင်း တန်းတွေရဲ့ကြားက အသက်ရှူသံတွေ…
လေပူလှိုင်းတွေ…
ဖုန်းလုံးတွေ…
ရွက်ကြွေတွေ…
အားလုံးကို ကျွန်တော် အတတ်နိုင်ဆုံး၊ အကောင်းဆုံးဖြစ်အောင် ဖန်တီးထားပါတယ်။ ဒါပေမဲ့ လိုအပ်ချက်တွေတော့ အမြောက်အမြား ရှိနေပါလိမ့်ဦးမယ်။
ဖတ်ကြည့်သူတိုင်း တစ်ခုခုကို ခံစားမိစေချင်တဲ့ စိတ်စေတနာနဲ့ ကျွန်တော် ဒီဝတ္ထုကို ရေးခဲ့ တာပါ။ ဖတ်ပါ။ ခံစားပါ။
ရင်ထဲမှာ တစ်ခုခု ကျန်ရစ်ခဲ့ပါစေ…