စာအုပ်အရွယ်အစား -
အကြိမ်ရေ -
21cm
ပထမအကြိမ်
ဒီစာအုပ်လေးဟာ လူတစ်ယောက်မှာ ရှိသင့်ရှိအပ်တဲ့ စိတ်နေ စိတ်ထား နှလုံးသားနဲ့ ပတ်သက်တဲ့ အကြောင်းအရာလေးတွေကို အတတ်နိုင်ဆုံး ကျစ်လျစ်အောင် အားထုတ်ရေးသားထားတဲ့ စာအုပ်လေးတစ်အုပ်ပဲ ဖြစ်ပါတယ်။
နှလုံးသားက လူတစ်ယောက်အတွက် သိပ်ကို အရေးပါတဲ့ အရာမို မိမိရှင်သန်ရာ သက်တမ်းတစ်လျှောက်မှာ ဖြူစင်တဲ့ စိတ်ထား၊ လှပတဲ့ နှလုံးသားနဲ့ ရှင်သန်သွားနိုင်ဖို လမ်းပြထားတဲ့ စာအုပ်လေး တစ်အုပ်ပါပဲ။
စာကြောင်းအချိတ်အဆက်တွေ မိချင်မှ မိပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တိုရဲ့ နှလုံးသား၊ ကျွန်တော်တိုရဲ့ စိတ်နေစိတ်ထားနဲ့ ကျွန်တော်တို ဘယ်လိုလူမျိုးဖြစ်နေသလဲ၊ ကျွန်တော်တို ဘယ်လိုလူမျိုး ဖြစ်ချင်တာလဲ၊ ကျွန်တော်တို ဘယ်လိုလူမျိုး ဖြစ်နေပြီလဲဆိုတာကို ဒီစာအုပ်လေးက မေးခွန်းထုတ်ပါလိမ့်မယ်။