Home >> လူကြိုက်များသည့် စာအုပ်များ >> မန္တလေးငလျင်လှုပ်ခတ်မှု တစ်နှစ်ပြည့်မှတ်တမ်း
စာအုပ်အမည် - မန္တလေးငလျင်လှုပ်ခတ်မှု တစ်နှစ်ပြည့်မှတ်တမ်း
စာရေးသူ - စောထွေး (G.A.D)
စာမျက်နှာ - 80
တန်ဖိုး - 6,000 ks
ဖုန်း - 09 4039 700 15 / 09 969 700 606 သို့ဆက်သွယ်မှာယူနိုင်ပါသည်။

စာအုပ်အရွယ်အစား -

အကြိမ်ရေ -

21

ပထမအကြိမ်

စာညွှန်း -

ငလျင်သည် အချိန်မရွေး၊ နေရာမရွေး လှုပ်ခတ်နိုင်သည့် ကြိုတင်မသိရှိနိုင်သော သဘာဝဘေးဆိုးကြီးဖြစ်ရာ ထိုအန္တရာယ်ဆိုးကြီးမှ သက်သာလွတ်မြောက်နိုင်သည့် ဆောင်ရန်ရှောင်ရန်များ၊ ပညာရှင်များ၏ အကြံပြုချက်များကို သိရှိနားလည်သဘောပေါက်ခြင်းသည်သာ တစ်ခုတည်းသော အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း ဖြစ်စဉ်များမှ ညွှန်ပြလျက်ရှိပါသည်။

ဉပမာ- ငလျင်လှုပ်ခတ်မှုကို အဓိက ရင်ဆိုင်ကြရသော ဂျပန်၊ မလေးရှားနိုင်ငံတို့သည် အဆောက်အဦးများ ဆောက်လုပ်ပါက ငလျင်ဒဏ် ခံနိုင်သည့် ပုံစံဒီဇိုင်းများ ရေးဆွဲခြင်းနှင့် ၎င်းနှင့် လိုက်လျောညီထွေဖြစ်မည့် ဆောက်လုပ်ရေးပစ္စည်းများကို သုံးစွဲခြင်းဖြင့် ပျက်စီးဆုံးရှုံးမှု နည်းနိုင်သမျှ နည်းအောင် ဆောင်ရွက်ကြသည်ကို တွေ့ရမည်ဖြစ်သည်။

ငလျင်ပြတ်ရွေ့ပေါင်းများစွာ ယှက်နွယ်လျက်ရှိသည့် မြန်မာနိုင်ငံတွင် နေထိုင်ကြသော စာရေးသူတို့သည် ငလျင်နှင့်ပတ်သက်သည့် ဗဟုသုတများကို အရွယ်စုံမှ သိရှိထားရန် လိုအပ်မည်ဖြစ်သည့်အပြင် အရေးကြုံလာပါက သက်လုံကောင်းစေရေးအတွက် ငလျင်ဆိုင်ရာ သိသင့်သိထိုက်သည့် အချက်များကို ပညာရှင်များ၏ အကြံပြုချက်များအတိုင်း ကောက်နုတ်မှီငြမ်းလျက် ဤငလျင်မှတ်တမ်းစာအုပ်ကို ထုတ်ဝေရခြင်း ဖြစ်ပါသည်။

ဤစာအုပ်သည် ငလျင်မှတ်တမ်းအဖြစ်သာမက နောင်တွင် လှုပ်ခတ်လာနိုင်သည့် ငလျင်များကိုပါ (စိတ်ဝင်စားလျှင်) မှတ်သားနိုင်ရန် စီမံပေးထားပါသည်။ အထူးသဖြင့် မိမိနေထိုင်ရာ မြို့ပတ်ဝန်းကျင်တွင် မည်သည့်နေရာများကို ဗဟိုပြုလှုပ်ခတ်ခဲ့သည်ကိုလည်း မှတ်တမ်းတင်ထားနိုင်ရန် စေတနာထား၍ ရေးသားထားခြင်းဖြစ်ပါသည်။