စာအုပ်အရွယ်အစား -
အကြိမ်ရေ -
21cm
ပထမအကြိမ်
POV; "ပြည့်တန်ဆာတစ်ယောက်က တန်ဖိုးမြင့် အမျိုးသမီး ဖြစ်နိုင်လား"
"ဒီစာအုပ်က ငါ့ကို ဘာပြန်ပေးမလဲဆိုတာထက် ဒီစာအုပ်ကနေ ငါ ဘယ်ပမာဏထိ ထုတ်ယူအသုံးချနိုင်လဲ" ဆိုတဲ့ မေးခွန်းပေါ် မူတည်ထားတဲ့ စာအုပ်ပါ။ အပြင်ပိုင်းပုံစံတင်မက အတွင်းပိုင်းစာတွေအထိ ဦးနှောက်ရဲ့ လုပ်နိုင်စွမ်းကို ဆုံးဖြတ်ပေးမယ့် ကိရိယာတစ်ခုပါ။
အခွင့်အရေး၊ အခြေအနေ၊ ငွေကြေးနောက်ခံ၊ ပတ်ဝန်ကျင် စတဲ့ မခိုင်မာတဲ့အရာတွေကို မှိခိုပြီး အောင်မြင်အောင်၊ တိုးတက်အောင်၊ တန်ဖိုးရှိအောင်စတဲ့ ready-made နည်းပေးဆုံးမမှုတွေ မပါဝင်ဘဲ ကိုယ့်ရဲ့ စဉ်းစားချင့်ချိန်နှိင်မှု၊ ဆုံးဖြတ်နိုင်မှု၊ လက်တွေ့ကျတဲ့ အခြေအနေတွေကို အသုံးချပြီး ကိုယ့်ဘဝအတွက် ကိုယ်တိုင် ရင်းနှီးမြှုပ်နှံမှုကနေ တစ်ဆင့် တန်ဖိုးမြင့်လူသားတစ်ယောက်ဖြစ်အောင် ပြုမှုနေထိုင်ပုံကို ဖော်ထုတ်ပြထားပါတယ်။ နောက်တစ်ချက်အနေနဲ့ လက်တွေ့ကျမှုကို ဦးစားပေးတည်ဆောက်ထားတဲ့အတွက် ကောင်းတဲ့အရာ၊ ဆိုးတဲ့အရာဆိုပြီး ဘက်လိုက်ဖော်ပြမှုမပါဝင်ဘဲ ကိုယ့်ရွေးချယ်မှု၊ ကိုယ့်ပြုသမျှက ကိုယ့်ရဲ့ဖြစ်တည်မှုအခြေအနေနဲ့ တိုက်ရိုက်သက်ရောက်မှုရှိကြောင်း ရည်ညွန်းချက်ကို သတိပြုစေချင်ပါတယ်။