ဆရာ ချစ်ကိုကိုယုသည် ‘နှလုံးလှလူမိုက်’ ဝတ္ထုကို ဖန်တီးခဲ့သော ရှေ့နေ စာရေးဆရာကြီး ဖြစ်သည်။ ယခု ထွက်ရှိလာသော “ရွက်နုဝေဖြာ သံယောဇဉ်ကမ္ဘာ” သည် ၁၉၈၉ ခုနှစ်တွင် စာပေဗိမာန် ဝတ္ထုရှည်ဆု ရရှိခဲ့ပြီး ၁၉၉၃ ခုနှစ် ဧပြီလတွင် ပထမအကြိမ်အဖြစ် ထွက်ရှိခဲ့ဖူးသောစာအုပ်လည်း ဖြစ်ပါသည်။ နောင် နှစ်ပေါင်း ၃၀ အကြာ၊ ၂၀၂၃ ခုနှစ် ဧပြီလတွင် ဒုတိယအကြိမ်အဖြစ် ပြန်လာထွက်ရှိလာခဲ့ပါပြီ။ …..
“အေးချမ်းစွာ ရှင်သန်ခြင်း”ဆိုတဲ့ ဒီစာအုပ်လေးကို စာအပုဒ်ရေ (၅၉)ပုဒ်နဲ့ ဖန်တီးထားတာပါ။
Motivation သီးသန့်မဟုတ်ပေမဲ့ စိတ်ခွန်အားရမည့် စာအုပ်လေးဖြစ်မှာပါ။
“အေးချမ်းစွာ ရှင်သန်ခြင်း”ဆိုလို့ ဘာမှမလုပ်ပဲ ထိုင်နေတာမျိုးကို ဆိုလိုတာမဟုတ်ဘူး။
လူငယ်တစ်ယောက်အနေနဲ့ လုပ်စရာရှိတာတွေလုပ်မယ် ရည်မှန်းချက်အိမ်မက်တွေကို …..
ကျွန်မသည် အသက်ဆယ့်ရှစ်နှစ်အရွယ်တွင် အိမ်ထောင်ကျခဲ့သဖြင့် ငယ်ရွယ်လွန်းသည့်အချိန်တွင် လူမှု့ဒုက္ခမျိုးစုံ တွေကြုံရင်ဆိုင်ခဲ့ရပြီး ဘဝ၏အခက်အခဲများ၊ လောကဓံပေါင်းစုံများ ရိုက်ခတ်ခံခဲ့ရပါသည်။ ကျွန်မဖြတ်သန်းခဲ့ရသော ခရီးလမ်းများ ကြမ်းတမ်းခဲ့သကဲ့သို့ မောပန်းမှုများလည်း ရှိခဲ့ရပါသည်။ အခက်အခဲ ဒုက္ခပေါင်းစုံသည် ကျွန်မ၏ဘဝအတွေ့အကြုံ ဖြစ်စေခဲ့ပြီး း လောကဓံတရားအပေါ် မည်ကဲ့သို့ ရင်ဆိုင်ဖြတ်သန်းမလဲဟု အမြဲတမ်း တွေးတောသုံးသပ်ခဲ့ရပါသည်။ …..
လူတိုင်းဟာ ကိုယ်စီရှင်သန်ရာ ဘဝရဲ့အဓိပ္ပာယ်ကိုသိထားကြဖို့လိုအပ်မယ်ထင်ပါတယ်။ ဘဝဟာ ရှေ့ဆက်သွားနေပါတယ်။ ဘဝကိုရပ်တန့်လို့မရသလို နောက်ပြန်လှည့်လို့လည်းမရပါဘူး။ ဒီတော့ ဘယ်လိုရှေ့ဆက်မလဲ၊ ဘယ်လိုနေထိုင်သွားရမလဲ ဆိုတာကသာ ပိုပြီးတော့အရေးကြီးပါတယ်။ ဒီစာအုပ်လေးမှာ အပိုင်း(၅) ပိုင်းပါဝင်ပါတယ်။ အပိုင်း (၁) ပျော်ရွှင်ခြင်း၊အပိုင်း(၂) ကိုယ့်ကိုယ်ကိုယ် ချစ်ပါ၊အပိုင်း(၃) အသိပညာအလင်းစက်လေးများ၊အပိုင်း(၄) ချစ်ခြင်းမေတ္တာအပိုင်း(၅) အဓိပ္ပာယ်ရှိ သောဘဝတို့ ဖြစ်ပါတယ်။ စာအုပ်လေးကို ဖတ်တဲ့အခါ တချို့နေရာတွေမှာ တွေးစရာတွေရှိမယ်၊ တချို့နေရာတွေမှာ လက် တွေ့ လုပ်ဆောင်ရတာလေးတွေ ရှိပါလိမ့်မယ်။ တချို့နေရာတွေကို မြန်မြန်ဖတ်လို့ရပေမယ့် တချို့နေရာလေးတွေမှာတော့ တွေးတောသုံးသပ်ကာ ဖြည်းဖြည်းချင်း ဖတ်မယ်ဆိုရင် ပိုအဆင်ပြေပါလိမ့်မယ်။ စာဖတ်ခြင်းရဲ့ရည်ရွယ်ချက်ဟာ လက်တွေ့အသုံးချဖို့ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော့်စာအုပ်လေးကို ဖတ်ရှုပြီး စာဖတ်သူတွေရဲ့ဘဝတွေမှာလက်တွေ့အသုံးချရင်း ဘဝကိုအဓိပ္ပာယ်ရှိအောင် ဖန်တီးနိုင် ကြလိမ့်မယ်လို့မျှော်လင့်မိပါတယ်။
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ရှိ မအီစက်တော် လက်ဝဲ လက်ယာ ခြေတော်ရာများ၏ သမိုင်းကြောင်းများ …
စာရေးသူကိုတိုင် သွားရောက်ဖူးမြော်ခဲ့ရသော အတွေ့အကြုံများနှင့် မှတ်တမ်းဓာတ်ပုံများ …
နှစ်ပေါင်းများစွာ တိမ်မြုပ်ပျောက်ကွယ်လုနီးပါးဖြစ်နေသည့် မအီစက်တော်ရာသမိုင်းကြောင်းကို မြေပြင်နှင့် သမိုင်းမှတ်တမ်းများပေါင်းကာ ရေးသားထားမှုများ …..