စာအုပ်အရွယ်အစား -
အကြိမ်ရေ -
၂၁ စင်တီ
ပထမအကြိမ်
💕စာညွှန်း -
လူတိုင်းဟာ ကိုယ်ပိုင်အရည်အသွေး၊ ကိုယ်ပိုင်အရည်အချင်းတစ်ခုစီနဲ့ မွေးဖွားလာကြသူတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ပတ်ဝန်းကျင်ရဲ့ သတ်မှတ်ချက်တွေ၊ စံနှုန်းတွေကြားမှာ ကျွန်တော်တို့ဟာ ကိုယ့်ရဲ့ စစ်မှန်တဲ့တန်ဖိုးတွေကို မေ့လျော့နေတတ်ကြပါတယ်။
လူတိုင်းမှာ မတူညီတဲ့ ထူးခြားချက်တွေ ရှိပါတယ်။
အဲဒီ ထူးခြားချက်တွေကို အရည်အချင်းတစ်ခုဖြစ်အောင် ပျိုးထောင်ပြီး အောင်မြင်မှုရယူနိုင်ဖို့က အရေးအကြီးဆုံးပါပဲ။
“ကိုယ်ပိုင်အရည်အချင်းနဲ့ တောက်ပလိုက်ပါ” လို့ အမည်ပေးထားတဲ့ ဒီစာအုပ်လေးမှာ မိမိကိုယ်ကို ပြန်လည်ရှာဖွေဖို့နဲ့ ကိုယ့်ရဲ့ ကိုယ်ပိုင်အရည်အချင်းကို တိုးတက်လာအောင် ဆောင်ရွက်နိုင်မယ့် နည်းလမ်းကောင်းလေးတွေကို ရေးသားထားပါတယ်။
ဒီစာအုပ်လေးကို ဖတ်ရှုပြီး သင့်ရဲ့အနာဂတ်ဟာ ကိုယ်ပိုင်အရည်အချင်းတွေနဲ့ ပိုမိုတောက်ပ လာလိမ့်မယ်လို့ ယုံကြည်မိပါတယ်။
“ကိုယ်ပိုင်ဘဝလေးမှာ ကိုယ်ပိုင်အရည်အချင်းနဲ့ တောက်ပနိုင်အောင် ကြိုးစားပါ။ ဘယ်လောက်လင်းလင်း ကိုယ်ပိုင်အလင်းရောင် ဖြစ်နေဖို့ အရေးကြီးပါတယ်”
စာဖတ်သူများ ကိုယ်ပိုင်အရည်အချင်းနဲ့ ဘဝကို တောက်ပ နိုင်ကြပါစေခင်ဗျာ…။