စာအုပ်အရွယ်အစား -
အကြိမ်ရေ -
၂၁ စင်တီ
ပထမအကြိမ်
💕စာညွှန်း -
ဒီစာအုပ်ထဲမှာပါဝင်တဲ့ အတွေးစာစုလေးတွေက သာမန်အမြင်တွေထက်
ပိုမိုနက်ရှိုင်းပြီး ဘဝကို ရှုထောင့်အသစ်၊ အလင်းရောင်ခြည်အသစ်နဲ့ ကြည့်မြင်ထားတဲ့ သွေးသစ်လောင်းပေးမယ့် အတွေးအမြင်သစ်တွေ ဖြစ်ပါတယ်။
ကျွန်မတို့ သူငယ်ချင်းနှစ်ယောက်ရဲ့ မတူညီတဲ့ အတွေ့အကြုံ၊ မတူညီတဲ့ ခံစားချက်တွေကနေ ပေါက်ဖွားလာတဲ့ နှလုံးသားချင်း ထပ်တူကျမှုတွေကို စာဖတ်သူတို့ မြင်တွေ့ရမှာပါ။
ဒီစာအုပ်ဟာ လူအများစုသုံးတတ်တဲ့ ပုံသေကားချပ် လမ်းဟောင်းကြီးပေါ်ကနေ ရဲရဲဝံ့ဝံ့ လမ်းခွဲထွက်လိုက်တဲ့ တစ်မူထူးခြားတဲ့ တွေးခေါ် မြော်မြင်မှု ခရီးစဉ်တစ်ခု ဖြစ်ပါတယ်။
ကျေနပ်ဂုဏ်ယူရခြင်းဆိုတာ စကားလုံးတွေဆီက လာတာမဟုတ်ဘဲ လက်တွေ့ကျတဲ့ လုပ်ရပ်ကနေ လာတာတဲ့။
ကိုယ်ဘယ်သူလဲ၊ ဘယ်သွားနေလဲ၊ ဘယ်ရောက်နေပြီလဲ၊ ဘာတွေ ဖြည့်ဆည်းပြုပြင် ပြောင်းလဲဖို့ လိုအပ်နေပြီလဲဆိုတာတွေကိုရော သေချာသိမြင်နေပြီလား။
ကိုယ့်ဘဝ၊ ကိုယ့်ဆန္ဒတွေထက် သူတစ်ပါးအလိုကျစေဖို့ ပေးဆပ်ရင်း ကိုယ့်ဘဝနဲ့ ကိုယ့်စိတ် အေးချမ်းပြည့်စုံခြင်းတွေလည်း ပျောက်ရှဖူးကြပါလိမ့်မယ်။
လူတစ်ယောက်နဲ့တစ်ယောက် ဘဝ ရဲ့ အဓိပ္ပါယ်နဲ့ အောင်မြင်ခြင်း၊ငြိမ်းချမ်းခြင်းကို အဓိပ္ပါယ် ဖွင့်ဆိုပုံလည်း မတူညီနိုင်ကြပါဘူး။
ဒီစာအုပ်ထဲမှာ တင်ပြထားတဲ့ "သူများနဲ့မတူတဲ့ ဘဝနေထိုင်နည်းတွေ" ဟာ လောကဓံရဲ့ ရိုက်ခတ်မှုတွေကြားထဲမှာ မိမိကိုယ်ကို ဘယ်လိုပြန်ရှာဖွေမလဲ၊ စိတ်ဝိညာဉ်ကို ဘယ်လိုအေးချမ်းအောင် ထားမလဲဆိုတဲ့ "ငြိမ်းချမ်းခြင်း အနုပညာ" ဆီကို အဓိကဦးတည်ထားပါတယ်။
ကျွန်မတို့ရဲ့ အယူအဆတွေက ခေတ်ရေစီးကြောင်းအတိုင်း မျောပါမသွားဘဲ၊ ကိုယ်ပိုင် ခြေလှမ်းတွေနဲ့ပဲ ဘဝကို ဖြည်းဖြည်းချင်း အရသာခံ ခံစားကြည့်ဖို့ လမ်းညွှန်ပေးပါလိမ့်မယ်။
အမှောင်ထဲမှာ လမ်းပျောက်နေသူပဲဖြစ်ဖြစ်၊ အတွေးအမြင်သစ်တွေကို ဆာလောင်နေသူပဲဖြစ်ဖြစ်၊ ရိုးအီနေတဲ့ နေ့ရက်တွေထဲကနေ ရုန်းထွက်ချင်သူပဲဖြစ်ဖြစ် ဒီစာစုတွေက သင့်ကို ခွန်အားတစ်ခုခု ဒါမှမဟုတ် စိတ်ကို ဘယ်လိုနေရာချရမလဲဆိုတဲ့ ငြိမ်းချမ်းမှုတစ်ခုခု ပေးစွမ်းနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။
စာမျက်နှာတွေကို တစ်မျက်နှာချင်း ဖတ်ရှုသွားရင်းနဲ့ပဲ ငါ ဖြစ်နေတာ ဒီလိုမျိုးပဲ၊ ငါပြောင်းလဲသင့်တာ ဒီအချက်ပဲ ဆိုတာမျိုး ခံစားမိလာပါလိမ့်မယ်။
လူတိုင်းမှာ ကိုယ်ပိုင် ရွေးချယ်စရာ လမ်းအသစ် တွေ ရှိနေတတ်ကြတာဖြစ်လို့ စာဖတ်သူတို့လည်း ဒီစာအုပ်ကို ဖတ်ပြီးတဲ့အခါ တစ်ခါမှ မတွေးဖူးသေးတဲ့ ကိုယ်ပိုင် ငြိမ်းချမ်းရာ အိုအေစစ်တစ်ခုကို ရှာဖွေတွေ့ရှိနိုင်ကြလိမ့်မယ်လို့ ယုံကြည်မျှော်လင့်ရင်း…။