Home >> လူကြိုက်များသည့် စာအုပ်များ >> မမေ့နိုင်တဲ့အရာများ ရှိခဲ့ရင်
စာအုပ်အမည် - မမေ့နိုင်တဲ့အရာများ ရှိခဲ့ရင်
စာရေးသူ - အိ
စာမျက်နှာ - ၁၁၉ စာ
တန်ဖိုး - 14,000 ks
ဖုန်း - 09 4039 700 15 / 09 969 700 606 သို့ဆက်သွယ်မှာယူနိုင်ပါသည်။

စာအုပ်အရွယ်အစား -

အကြိမ်ရေ -

21 စင်တီ

ဒုတိယအကြိမ်

💕စာညွှန်း -

လူသားတွေထဲမှာ
ဒဏ်ရာရနေတဲ့လူတွေကို သုံးသပ်ကြည့်လိုက်ရင်
မမေ့နိုင်စရာတွေကို သိမ်းပိုက်ရင်း ဒဏ်ရာရကြတာ များတာမို့
လူသားတွေအတွက် ဒီအကြောင်းအရာလေးကို
တတ်နိုင်သလောက် လမ်းညွှန်ပေးဖို့ လိုအပ်တယ်လို့ ယူဆရင်း
"မမေ့နိုင်တဲ့အရာများ ရှိခဲ့ရင်" ဆိုတဲ့ စာအုပ်ကလေးကို အရင်ဆုံး ရေးပါတယ်။

ဒီစာအုပ်ကလေးက လူတိုင်းအတွက် လိုအပ်တဲ့ စာအုပ်ကလေး ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။ လိုအပ်နေတဲ့ လူတွေအဖို့သာ ရည်ရွယ်ပြီး ရေးပါတယ်။ မလိုအပ်တဲ့သူတွေအတွက်လည်း အသိပညာချင်း ဖလှယ်ဖို့ရာ ဖတ်လို့ အဆင်ပြေနိုင်ပါတယ်။ လူတချို့ကို အပြင်မှာတွေ့တဲ့အခါ သူတို့ရင်ထဲက ဒဏ်ရာလေးကို ကိုယ်က မြင်လိုက်ပေမဲ့ သေချာရှင်းပြ၊ ပြောပြပေးဖို့ရာ ခွန်အား အလုံအလောက် ကိုယ့်မှာ မရှိတဲ့အခါ စာအုပ်ထဲမှာ ချရေးပြီး လိုအပ်နေတဲ့သူတွေဆီ အရောက်ပို့နိုင်ဖို့ ရည်ရွယ်ပါတယ်။ ကိုယ်မမြင်ဖူး မဆုံဖူးတဲ့ သူတွေမှာလည်း ဒဏ်ရာလေးများ ရှိခဲ့ရင် လမ်းမှန်ကို အရောက်သွားနိုင်ဖို့ရာ လမ်းညွှန်ချက်လေးတစ်ခုအဖြစ် ရည်ရွယ်ပါတယ်။

ဘဝအတွက် လိုအပ်တဲ့ အကြောင်းတရားတွေကတော့ အများကြီး ရှိနိုင်ပါတယ်။ အဲဒီထဲကမှ မလိုအပ်တဲ့အရာတွေ၊ မလိုအပ်တဲ့ အမှိုက်တွေကို ရှင်းထုတ်ပြစ်ဖို့ အကြောင်းအရာကို အရင်ဦးတည်ပြီး ရေးထားပါတယ်။ ရင်ထဲမှာ ရှင်းနေမှလည်း ဘဝက ပိုကောင်းတဲ့ နေရာတွေဆီကို ဦးတည်နိုင်မှာ မို့လို့ပါ။