
စာအုပ်အရွယ်အစား -
အကြိမ်ရေ -
21 cm
ပထမအကြိမ်
ဒီစာအုပ်လေးထဲမှာ စာရေးသူ ရေးနေကျ ပုံစံလေးတွေ ပါသလို ရေးနေကျပုံစံနဲ့ အနည်းငယ်ကွဲထွက်ပြီး ဆရာတော်ကြီးတွေရဲ့ အဆိုအမိန့်တွေ၊ ပုံပြင်၊ ဘုရားဟော ဇာတ်တော် သုတ္တန်အချဥ်းချုပ်၊ လောကအဖြစ်အပျက်တွေနဲ့ တွဲစပ်ဖော်ပြရေးသားထားတာတွေလည်း ပါဝင်ပါတယ်။
ဒီစာအုပ်လေးထဲမှာ ပါဝင်တဲ့ အကြောင်းအရာတွေကတော့…
👉 မေတ္တာနဲ့ပတ်သက်တဲ့ အကြောင်းအရာ၊
👉 အသည်းကွဲရောဂါ ကုစားနည်း၊
👉 Emotionကို Control လုပ်နည်း၊
👉 Negative အတွေး လျှော့ချနည်း၊
👉 ရင့်ကျက်စေသောနည်းလမ်းတွေအပြင် အခြားသောအကြောင်းအရာတွေလည်း များစွာ ပါဝင်ပါတယ်။
ဒီစာအုပ်လေးကို ဖတ်ရှုခြင်းအားဖြင့် မေတ္တာနဲ့ပတ်သက်ပြီး သိသင့်၊ သိထိုက်တဲ့ သဘောတရားတွေကို သိရှိနားလည်သွားမှာဖြစ်သလို ဘဝမှာ အခက်အခဲတွေ၊ လောကဓံဆိုးတွေ၊ ဝမ်းနည်းစရာတွေ၊ စိတ်ညစ်စရာတွေ၊ စိတ်ဓာတ်ကျစရာအဖြစ်ဆိုးတွေနဲ့ ကြုံတွေ့ရတဲ့အခါမျိုးမှာလည်း အရင်ကထက် ပိုပြီး နေတတ်၊ ထိုင်တတ်၊ စိတ်ထားတတ်၊ နှလုံးသွင်းတတ်သွားပါလိမ့်မယ်။