


စာအုပ်အရွယ်အစား -
အကြိမ်ရေ -
21 cm
သတ္တမအကြိမ်
"အေးချမ်းစွာ ရှင်သန်ခြင်း"ဆိုတဲ့ ဒီစာအုပ်လေးကို စာအပုဒ်ရေ (၅၉) ပုဒ်နဲ့ ဖန်တီးထားတာပါ။
Motivation သီးသန့်မဟုတ်ပေမဲ့ စိတ်ခွန်အားရမည့် စာအုပ်လေးဖြစ်မှာပါ။
"အေးချမ်းစွာ ရှင်သန်ခြင်း"ဆိုလို့ ဘာမှမလုပ်ဘဲ ထိုင်နေတာမျိုးကို ဆိုလိုတာမဟုတ်ပါဘူး။
လူငယ်တစ်ယောက်အနေနဲ့ လုပ်စရာရှိတာတွေလုပ်မယ်။ ရည်မှန်းချက်အိပ်မက်တွေကို အကောင်အထည် ဖော်မယ်ဆိုတာကို အပြစ်ပြောသံတွေကို မတုန့်ပြန်ဘဲ အေးဆေးကြိုးစားနေတယ်ဆိုတာကို ပြောချင်တာပါ…။
ဒီစာအုပ် ဖတ်ပြီးတာနဲ့ ဘာမှ မကျန်ခဲ့ဘူးဆိုတဲ့ နောင်တတွေ ကင်းဝေးမှာ သေချာပါတယ်။
လူကြီး၊ လူငယ်…
ယောက်ျားလေး၊ မိန်းကလေး… အားလုံးဖတ်လို့ အဆင်ပြေအောင် ရေးဖွဲ့ထားပါတယ်။
မပြည့်စုံတဲ့လူတစ်ယောက်ရဲ့ ဘဝဖြတ်သန်းပုံနဲ့ ဖြစ်ချင်တဲ့ အိပ်မက်တွေအကြောင်း…
မိန်းမသားတစ်ယောက်ကို သန်မာစေချင်တဲ့ပုံစံလေးတွေနဲ့
အချစ်အကြောင်းအနည်းငယ်ကို ဖတ်ရှုခံစားနိုင်မှာပါ။
ပတ်ဝန်းကျင်မှာ ကြုံတွေ့ရသမျှကို လက်တွေ့ကျကျ ရေးထားတဲ့ စာစုလေးတွေ များပါတယ်။
"အေးချမ်းစွာ ရှင်သန်ခြင်း"ဆိုတဲ့ ပန်းချီကားလေးက ဘယ်လောက်အထိ သေသပ်လှပသလဲဆိုတာ ခံစားကြည့်ဖို့ ပန်ကြားအပ်ပါတယ်။