စာအုပ်အရွယ်အစား -
အကြိမ်ရေ -
21 cm
ပထမအကြိမ်
ဟာသဝတ္ထုတို ၂၄ ပုဒ်လုံးသည် ဘဝအတွေ့အကြုံများကို ဇာတ်လမ်းပြု ရေးဖွဲ့ ထားခြင်း ဖြစ်ပါသည်။ ဝတ္ထုခေါင်းစဉ်လေးများ၏ ဆွဲဆောင်မှုတို့သည်လည်း ပြုံးခြင်းရယ်ခြင်းမှ ဟဿရသပန်းတိုင်ရောက်အောင် ဆွဲဆောင်နိုင်သည်ဟု ဆိုချင်ပါသည်။
ဝတ္ထုများတွင် ရိုးလွန်းအလွန်း သူ 'ငသောင်း'၊ အထင်နှင့်အမြင် လုံးလုံးလွဲသွားစေသည့် 'လှံမင်း သား ကံတင်'၊ လက်နက်ချမရသော 'ကဆစ်'၊ 'လူဝစ်သောက် ကိုဖိုးပြား'၊ 'လူစွမ်းကောင်း စံတင်ဩ၊ 'နွားများပိုင်ရှင် ကိုသာမြတ်'၊ 'ကဗျာသင်သူ ဥူးဘသင်'၊ အရွဲ့တိုက်ဘဲ့တိုက် နောက်ပြောင်ပြီး သေသည်အထိ သင်္ချိုင်းမှားရသော 'ဆရာသန်းထွန်းလင်း' စသည်တို့ အကြောင်းများသည် ဖတ်၍ မကုန်၊ ပြော၍ မဆုံး၊ ပြုံး၍ မနိုင်၊ ရယ်၍ မပြီးနိုင်သော ဟာသဝတ္ထုများအဖြစ် ဖတ်ရှုခံစားရမည်မှာ အသေအချာပင်။
မည်သို့ပင်ဆိုစေ၊ ဝတ္ထုရေးဆရာတို့တွင် ဇာတ်လမ်း၊ ဇာတ်ဆောင် ရှိစေဦး ဟာသဉာဏ်ရှိမှသာ ဟာသဝတ္ထုတစ်ပုဒ် ဖြစ်မြောက်လာပေမည်။ ဆရာ အောင်လင်း(မြန်မာစာ) သည် မြန်မာစာဆရာတစ်ဦး ဖြစ်သည့်အားလျော်စွာ ဟာသဉာဏ်ရှိသော ပင်ကိုစရိုက်လည်း ရှိသည်။ ဝတ္ထုနည်းပညာများကိုလည်း ထိစပ်ကျွမ်းကျင်သူ ဖြစ်သည်။ ထို့ကြောင့် သူ့ဝတ္ထုများသည် ဟာသမြောက်ရုံ၊ ရယ်ရရုံသက်သက်မဟုတ်ဘဲ သရော်ချက်၊ ကလိချက်လေးများဖြင့် ဖတ်သူကို နှစ်သက်စေမည့် ဟာသဝတ္ထုတိုပေါင်းချုပ်ဖြစ်ပါကြောင်း…