Home >> လူကြိုက်များသည့် စာအုပ်များ >> ကျွန်မ… အိမ်ရှင်မ
စာအုပ်အမည် - ကျွန်မ... အိမ်ရှင်မ
စာရေးသူ - ထားအိ(ဘားအံ)
စာမျက်နှာ - ၁၁၂
တန်ဖိုး - ၄၅၀၀
ဖုန်း - 09 444 987 928 / 09 403 970 015 သို့ဆက်သွယ်မှာယူနိုင်ပါသည်။

စာအုပ်အရွယ်အစား -

အကြိမ်ရေ -

21 cm

ပထမအကြိမ်

#အိမ်ရှင်မဆိုတာ မှီခိုမဟုတ်ပါဘူး။

လူနေမှုပတ်ဝန်းကျင်မှာ ကျွန်မတို့အိမ်ရှင်မတွေကို မှီခိုဆိုပြီး သတ်မှတ်ကြတယ်။ တကယ်မှီခိုနေတာ မဟုတ်တဲ့အတွက် ဒီအသုံးမျိုး က အိမ်ရှင်မတွေကို သေးနုပ်စေတယ်။

အိမ်ရှင်မဆိုတာ အိမ်တစ်အိမ်ကို ရှင်သန်အသက်ဝင်အောင်၊ ပျော်ရွှင်အောင်၊ ချစ်ခြင်းမေတ္တာတွေနဲ့ မွမ်းမံခြယ်သထားတဲ့ အနုပညာဖန်ဆင်းရှင်တွေပါ။

ဒီလို ကိုယ့်ကိုယ်ကိုယ် ဖန်တီးရှင်လို့ တွေးလိုက်ပြီဆိုတာနဲ့...

မိမိရဲ့လုပ်နိုင်စွမ်းအားတွေ၊
စိတ်ခွန်အားတွေ၊
ဖန်တီးနိုင်မှုတွေက

ပိုမိုမြင့်မားလာပါတယ်။

 ဘဝမှာ တာဝန်ယူတတ်ပြီး ကိုယ်ချင်းစာတရားနဲ့ အသိအမြင်ကြွယ်ဝမှုတို့ကပဲ 'အိမ်ရှင်မ' အဖြစ်ကနေ သမီး၊ ဇနီး၊ မိခင်တစ်ယောက်အနေနဲ့ အောင်မြင်နေတာပါ။ 

ဒီအောင်မြင်မှုကို...

ကိုယ်တိုင်သိမြင်ဖို့လည်း လိုပါတယ်။
ကိုယ့်ရဲ့ပတ်ဝန်းကျင်ကို သိမြင်အောင်ချပြဖို့လည်း လိုပါတယ်။

မိမိရဲ့အောင်မြင်မှုကနေတစ်ဆင့် ကိုယ့်ရဲ့ခင်ပွန်း၊ ကိုယ့်ရဲ့သားသမီးတွေကို မှန်ကန်တဲ့ နည်းလမ်းတွေနဲ့ ထောက်ပံ့ပေးနေတဲ့ ကန့်လန့်ကာနောက်ကွယ်က သူရဲကောင်း
တွေဟာ 'အိမ်ရှင်မ' တွေပါပဲ။

အိမ်ရှင်မဆိုတာ Housewife အဖြစ် သာ အသိအမှတ်ပြုဖို့ ဒီစာအုပ်လေးက တွန်းအားဖြစ်စေပါလိမ့်မယ်။