Home >> လူကြိုက်များသည့် စာအုပ်များ >> အိမ်အပြန် မျက်နှာပန်းလှပါစေ
စာအုပ်အမည် - အိမ်အပြန် မျက်နှာပန်းလှပါစေ
စာရေးသူ - အလင်းမြတ်
စာမျက်နှာ - ၁၂၈
တန်ဖိုး - 4500
ဖုန်း - 09 444 987 928 / 09 403 970 015 သို့ဆက်သွယ်မှာယူနိုင်ပါသည်။

စာအုပ်အရွယ်အစား -

အကြိမ်ရေ -

21 cm

ပထမအကြိမ်

ဒီစာအုပ်လေးဟာ အနယ်နယ်အရပ်ရပ်ကနေ…

ကိုယ့်မြေ၊
ကိုယ့်ရေ၊
ကိုယ့်ဒေသတွေကို

ရဲရဲဝံ့ဝံ့ စွန့်ခွာကြပြီး ကိုယ်နဲ့ အကျွမ်းတဝင်မရှိတဲ့ မြို့ကြီးတွေပေါ်တက်၊ ရေခြားမြေခြားပြည်ပနိုင်ငံခြားကို ထွက်ခွာနေကြတဲ့ လူငယ်တွေ၊ တစ်နည်းအားဖြင့် စွန့်စွန့်စားစား သွားရောက် လုပ်ကိုင်စားသောက်နေထိုင် ရပ်တည်ပြီး အသက်ရှင်နေကြတဲ့ လူငယ်တွေအတွက် ရည်ရွယ်ပါတယ်။

အားလုံးကို အိမ်အပြန်မျက်နှာပန်းလှပဖို့ရည် ရွယ်ကာ ရေးထားတဲ့ စာအုပ်လေးပဲ ဖြစ်ပါတယ်။

ရေခြားမြေခြား ပြည်ပနိုင်ငံကို မဟာစွန့်စားခန်းတွေ ဖွင့်ပြီးမှတော့ အိမ်အပြန် မျက်နှာပန်းမလှခဲ့ရင် လူပြောစရာ၊ လှောင်ရယ်စရာ ကဲ့ရဲ့စရာဖြစ်ပြီးတော့ သေချင်တဲ့ကျားတွေ တောပြောင်းသွားကြတဲ့ စကားပုံအတိုင်း ဖြစ်နေကြပါလိမ့်မယ်။

ဒါကြောင့်…
ရည်မှန်းချက်တွေ ကြီးကြီးထား၊
အချိန်နဲ့ လုပ်အားကို တန်ဖိုးထားပြီး
အိမ်အပြန် မျက်နှာပန်းလှအောင် ကြိုးစားကြပါလို့ ဒီစာအုပ်လေးနဲ့ပဲ တွန်းအားပေးလိုပါတယ်။

လူငယ်တွေ အားလုံး အိမ်အပြန်မှာ မျက်နှာပန်းလှကြပါစေ…