


စာအုပ်အရွယ်အစား -
အကြိမ်ရေ -
21 cm
ပထမအကြိမ်
ယခုစာအုပ်လေးကတော့ ခက်ခဲတဲ့ကာလတွေမှာ အလိုအပ်ဆုံး အရည်အသွေးဖြစ်တဲ့ ရင့်ကျက်သန်မာတဲ့စိတ်အကြောင်း ရေးသားထားတာဖြစ်ပါတယ်။
"သန်မာတဲ့ စိတ်ဓာတ်" လို့ အမည်ပေးထားတဲ့ ဒီစာအုပ်မှာ အပိုင်း (၃) ပိုင်း ပါဝင်ပါတယ်။
အပိုင်း (၁) ပျော်ရွှင်မှု
အပိုင်း (၂) ရှင်သန်မှု
အပိုင်း (၃) စိတ်သဘောထားတို့ ဖြစ်ပါတယ်။
- ပျော်ရွှင်မှုအပိုင်းမှာ စိတ်ချမ်းသာမှုအတွက် ဘယ်လိုယုံကြည်မှုအမှားတွေကို ဖျောက်ပြီး ဘယ်လိုခံယူချက်တွေ ထားသင့်တယ်ဆိုတာနဲ့ပတ်သတ်လို့ ရေးသားထားပါတယ်။
- ရှင်သန်မှုအပိုင်းမှာတော့ နေ့စဥ်ဘဝအတွက် အရေးကြီးတဲ့ လေ့လာသင်ယူမှုနဲ့ ရှင်သန်ရေး အတွေးအမြင်တွေအကြောင်း ဖြစ်ပါတယ်။
- နောက်ဆုံး စိတ်သဘောထားအပိုင်းမှာတော့ ရင့်ကျက်စွာနေထိုင်ဖို့ လိုအပ်တဲ့ စိတ်နေစိတ်ထားနဲ့ ယုံကြည်မှုတွေ အကြောင်းပါ။
ဒီစာအုပ်လေးကို ဖတ်ပြီးသွားတဲ့အခါ စာဖတ်သူတို့အတွက် "သန်မာတဲ့ စိတ်ဓာတ်"ကို တည်ဆောက်ဖို့ ကျွန်တော်တို့ဆီမှာ ထားရှိရမယ့် အရည်အသွေးတွေကို နားလည်သိမြင်လာပြီး စိတ်ဓာတ်ခွန်အားလည်း ရရှိလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။