စာအုပ်အရွယ်အစား -
အကြိမ်ရေ -
21 cm
ပထမအကြိမ်
မန်နေဂျာတစ်ယောက်ဖြစ်ဖို့ ကြိုးစားနေသူတွေအတွက် ဒီစာအုပ်လေးက အများကြီး အကျိုးရှိပါလိမ့်မယ်။
ဒီစာအုပ်လေးထဲမှာ---
- ဝန်ထမ်းငယ် ဘဝကနေ ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုကြောင့် မန်နေဂျာအဖြစ် တာဝန်ယူ ဆောင်ရွက်ရတဲ့သူတွေ…
- လက်ရှိဌာနမှ အခြားဌာနတစ်ခုကို ပြောင်းရွှေ့တာဝန်ယူရတဲ့ မန်နေဂျာသစ်တွေ…
- ကုမ္ပဏီသစ်မှာ မန်နေဂျာသစ်တစ်ယောက်အဖြစ် တာဝန်ယူရတဲ့ မန်နေဂျာတွေ… အဲဒီလို ဂျာကြီးပေါက်စတွေအတွက် အကူးအပြောင်း (transition) မှာ အဆင်ပြေ ချောမွေ့အောင် လိုအပ်နိုင်မယ့် ပြင်ဆင်မှုများ၊ နည်းစနစ်များနဲ့ အတွေ့အကြုံ အကြံပြုချက်များကို ရေးသားထားတာ ဖြစ်ပါတယ်။ စာရေးဆရာရဲ့ ကိုယ်ပိုင်အတွေ့အကြုံနဲ့ စာအုပ်ကောင်းများထဲမှ အဆီအနှစ်များကို ပေါင်းစပ်ပြီး ရေးသားတင်ပြထားတာဖြစ်လို့ မန်နေဂျာများအတွက် အလွန်တန်ဖိုးရှိမယ့် စာအုပ်လေးလည်း ဖြစ်ပါတယ်။