Home >> လူကြိုက်များသည့် စာအုပ်များ >> ၂၁ ရာစု – လူငယ့်စိတ်၊ လူငယ့်အတွေး
စာအုပ်အမည် - ၂၁ ရာစု - လူငယ့်စိတ်၊ လူငယ့်အတွေး
စာရေးသူ - ကလောင်စုံ
စာမျက်နှာ - 254
တန်ဖိုး - 12000
ဖုန်း - 09 444 987 928 / 09 403 970 015 သို့ဆက်သွယ်မှာယူနိုင်ပါသည်။

စာအုပ်အရွယ်အစား -

အကြိမ်ရေ -

21 cm

ပထမအကြိမ်

ဒီစာအုပ်လေးဟာ လူငယ်တိုင်းအတွက် မလွဲမသွေ အကျိုးရှိစေနိုင်လိမ့်မယ်လို ယူဆမိပါတယ်။

လူငယ်တစ်ယောက်ရဲ့စိတ်ကူးတွေ၊
လူငယ်တစ်ယောက်ရဲ့ အတွေးတွေ၊
အထူးသဖြင့် ၂၁ ရာစု လူငယ်တွေရဲ့ အနာဂတ်တွေကို အထိုက်အလျောက် ဆေးရောင်ခြယ်သပေးနိုင်လိမ့်မယ်လို့ ဆိုရပါလိမ့်မယ်။

စာရေးသူ (၇) ဦးကနေ မတူညီတဲ့ ကဏ္ဍတစ်ခုစီယူပြီး အမြင်မျိုးစုံနဲ့ ရေးသားပုံဖော်ထားတာဖြစ်လို့ ဒီစာအုပ်လေးဟာ လူငယ်တိုင်းအတွက် ကောင်းကျိုးတစ်စုံတစ်ရာ ရရှိနေမှာ သေချာပါတယ်။

စာမြည်းအနေနဲ့ ဖော်ပြပေးလိုတာကတော့ -

သဒ္ဓါတရားဆိုဝာာ ဘာလဲဆိုရင်
ဘုရား၊ တရား၊ သံဃာကို ယုံကြည်ခြင်း
ကံ၊ ကံရဲ့အကျိုးကို ယုံကြည်ခြင်းကို ဆိုလိုတာပါ။
- မောင်ဘုန်း(သပြု)

ချစ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့
လူတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာအထိ
ချုပ်ချယ်ကန့်သတ်ဖို့ မလိုပါဘူး။
- နှင်းအေးလူ

တချို့သားသမီးတွေက မိဘမပြည့်စုံမှာ ကြောက်တယ်။
တချို့သားသမီးတွေကတော့ သူတို့မပြည့်စုံမှာ
ပိုကြောက်တယ်။
- သဟာဆွေလှိုင်း

ဗုဒ္ဓပြောခဲ့သလို ဘဝက ရခဲပါတယ်။
ရှင်သန်ခွင့်ရတဲ့ဘဝကို
ကျေနပ်စွာ ခံစားပါ။
- နူးနူးအောင်

"The key to success is preparation" တဲ့။
အောင်မြင်ခြင်းရဲ့သော့ချက်ဟာ
ကြိုတင်ပြင်ဆင်ခြင်းပါပဲ။
- ယွန်း@Precious Y

ခံယူချက်၊ ရပ်တည်ချက် ကောင်းရင်
ဘဝက ပြောင်းလဲပါတယ်။
နိမ့်ကျနေလည်း ခဏပါပဲ။
- အလင်းမြတ်

ပိုက်ဆံဆိုတာ
အတွေ့အကြုံနဲ့ ကျွမ်းကျင်မှုတွေကို ဝယ်ယူဖို့
အလုံးစုံ ပြေပြစ်နေမှာတော့ မဟုတ်ပါဘူး။
- သုနေ