Home >> လူကြိုက်များသည့် စာအုပ်များ >> နားလည်ခွင့်လွှတ်ခြင်း
စာအုပ်အမည် - နားလည်ခွင့်လွှတ်ခြင်း
စာရေးသူ - သဟာဆွေလှိုင်း
စာမျက်နှာ - ၁၂၇
တန်ဖိုး - 7500 ကျပ်
ဖုန်း - 09 444 987 928 / 09 403 970 015 သို့ဆက်သွယ်မှာယူနိုင်ပါသည်။

စာအုပ်အရွယ်အစား -

အကြိမ်ရေ -

21 cm

ပထမအကြိမ်

"နားလည်ခွင့်လွှတ်ခြင်း" ဆိုတဲ့ ဒီစာအုပ်လေးကို အပုဒ်ရေ (၅၉) ပုဒ်နဲ့ ဖန်တီးထားတာပါ။ စိတ်ကို အေးချမ်းစေမယ့်၊ စိတ်ခွန်အားရစေမယ့် စာအုပ်လေးဖြစ်မှာ အသေအချာပါပဲ။

"နားလည်ခွင့်လွှတ်ခြင်း" ဆိုလို့ အရာရာတိုင်းကို နားလည်ရမယ်၊ ခွင့်လွှတ်ရမယ်လို့ ဆိုလိုချင်တာတော့ မဟုတ်ဘူး။

နားလည်ခွင့်လွှတ်လို့ ရတာတွေ ရှိသလို နားလည်ခွင့်လွှတ်လို့ မရတာတွေလည်း ရှိတတ်တာမို့ နားလည်ခွင့်လွှတ်နိုင်တာကို နားလည်ခွင့်လွှတ်ပြီး နားလည်ခွင့်လွှတ်လို့ မရနိုင်တဲ့အရာတွေကို လွှတ်ချပြီးတော့ စွန့်ပစ်ရဲဖို့လည်း လိုအပ်ပါတယ်။

ဒီစာအုပ်လေး ဖတ်ပြီးတာနဲ့ ''ဘာမှ မကျန်ခဲ့ဘူး'' ဆိုတဲ့ နောင်တမျိုး ကင်းဝေးစေပါလိမ့်မယ်။

  • ဒီစာအုပ်လေးထဲမှာ စိတ်ကို အေးချမ်းစေမယ့် အကြောင်းတွေ…
  • စာအုပ်တွေကို သဘောကျတတ်တဲ့ စာအုပ်ချစ်သူတွေရဲ့ စာအုပ်အပေါ် တန်ဖိုးထားတဲ့ အကြောင်းတွေ…
  • မေတ္တာထားပြီး နားလည်မှုရှိစွာ ရှင်သန်နေထိုင်သင့်တဲ့အကြောင်းတွေ…
  • နားလည်ခွင့်လွှတ်သင့်တာကို နားလည်ခွင့်လွှတ်ပြီး စိတ်ညစ်စရာတွေ နည်းပါးစွာနဲ့ နေထိုင်ရှင်သန်ကြည့်တဲ့အခါ စိတ်ပျော်ရွှင်ရတဲ့အကြောင်းတွေ…
  • ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိသင့်တဲ့အကြောင်းတွေ စတဲ့ အကြောင်းလေးတွေကို ဖတ်ရှုခံစားရမှာပဲ ဖြစ်ပါတယ်။

"နားလည်ခွင့်လွှတ်ခြင်း" ဆိုတဲ့ ပန်းချီကားလေးဟာ ဘယ်လောက်အထိ သေသပ်လှပနေလည်းဆိုတာ ခံစားကြည့်ဖို့ ပန်ကြားလိုပါတယ်။