Home >> လူကြိုက်များသည့် စာအုပ်များ >> နေ့ရက်တိုင်းကို ရိုးရှင်းစွာရှင်သန်ပါ
စာအုပ်အမည် - နေ့ရက်တိုင်းကို ရိုးရှင်းစွာရှင်သန်ပါ
စာရေးသူ - နူးနူးအောင်
စာမျက်နှာ - ၁၃၆
တန်ဖိုး - ၄၅၀၀ ကျပ်
ဖုန်း - 09 444 987 928 / 09 403 970 015 သို့ဆက်သွယ်မှာယူနိုင်ပါသည်။

စာအုပ်အရွယ်အစား -

အကြိမ်ရေ -

21 cm

ဒုတိယအကြိမ်

ရှင်သန်ခြင်းရဲ့အဓိပ္ပာယ်ကို ဘယ်လိုခံယူထားသလဲ။
နေ့စဥ်နေ့တိုင်း ရိုးရိုးရှင်းရှင်း နေထိုင်ရှင်သန်သွားနိုင်ဖို့ ဘာတွေ လိုအပ်မယ်လို့ ယူဆထားသလဲ။
ဘဝမှာ အများကြီး ခမ်းနားထည်ဝါဖို့ မလိုအပ်ပါဘူး။ ကိုယ်တတ်နိုင်တဲ့အင်အားမျိုးနဲ့ ရှင်သန်နေဖို့သာ အရေးကြီးတာပါ။
ပြဿနာတွေ မကြုံဖို့ ဘုရားထံကိုဆုမတောင်းဖြစ်ပါဘူး။ ကြုံလာမယ့် ပြဿနာတွေကို ရင်ဆိုင်နိုင်တဲ့ စိတ်ခွန်အားတွေ ပေးအပ်ဖို့သာ ဆုတောင်းဖြစ်ပါတယ်။
လူ့ဘဝဆိုတာ ချစ်ခြင်းမေတ္တာတွေနဲ့ ရှင်သန်ရရင်တော့ နေချင်စဖွယ်ကောင်းလှတာမို့ -

- ချစ်သူရည်စား...
- မိဘမောင်ဘွား...
- သူငယ်ချင်းများ...

ဘယ်သူတွေနဲ့ပဲဖြစ်ဖြစ် ချစ်ခြင်းမေတ္တာတွေကို အမြဲတစေ ဝေမျှပါ။
ဘဝဆိုတာ အမှတ်တရတွေကို စုဆောင်းပြီး ရှင်သန်ရတာမျိုး ဖြစ်ပါတယ်။ ဒါကြောင့် ရှင်သန်နေစဉ်မှာ အမှတ်တရကောင်းတွေကို အများကြီး ဖန်တီးပါ။
Life is a gift တဲ့။ ဘဝဆိုတာ ဆုလာဘ်တစ်ခုပါပဲ။ အရိုးသားဆုံး၊ အရိုးရှင်းဆုံးအဖြစ်နဲ့သာ နေ့ရက်တိုင်းကို ရှင်သန်သွားပါ။