Home >> လူကြိုက်များသည့် စာအုပ်များ >> နံပါတ်တစ်
စာအုပ်အမည် - နံပါတ်တစ်
စာရေးသူ - သုနေ
စာမျက်နှာ - ၁၃၄
တန်ဖိုး - ၆၀၀၀ ကျပ်
ဖုန်း - 09 444 987 928 / 09 403 970 015 သို့ဆက်သွယ်မှာယူနိုင်ပါသည်။

စာအုပ်အရွယ်အစား -

အကြိမ်ရေ -

21 cm

စတုတ္ထအကြိမ်

 နယ်ပယ်စုံ...

ကဏ္ဍစုံ

နေရာစုံမှာ...

        လူတိုင်းကတော့ ထိပ်ဆုံးဆိုတဲ့ 'နံပါတ်တစ်' နေရာကို လိုချင်ကြမှာပါပဲ။ ဒါပေမဲ့ နံပါတ်တစ်ဆိုတာ လူတိုင်း ရောက်နိုင်တဲ့နေရာတော့ မဟုတ်ပါဘူး။

       အရေးအကြီးဆုံးက ကိုယ်လိုချင်တဲ့ နံပါတ်တစ်က ဘယ်လိုနေရာမျိုးမှာလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးစဉ်းစားကြည့်ဖို့လည်း လိုအပ်ပါတယ်။

       ကောင်းတဲ့နေရာမှာလား..

        ဆိုးတဲ့နေရာမှာလား...

       ဒီမေးခွန်းက အလွန်အရေးကြီးပါတယ်။

          နောက်တစ်ခုက နံပါတ်တစ်ပုဂ္ဂိုလ်ကြီးတွေဖြစ်ဖို့ 'နံပါတ်တစ်'ဆိုတဲ့ ပထမဆုံးသော အလုပ်၊ ပထမဆုံးသော အဆင့်လေးတွေကို လုပ်ရပါလိမ့်မယ်။ နံပါတ်တစ်ကြီးတွေကို နံပါတ်တစ်လေးတွေနဲ့ ထုဆစ်ပုံဖော်ရတယ်ဆိုတာ အမြဲတမ်း သတိရပါ။

          သူလည်း သူ့နယ်ပယ်မှာ နံပါတ်တစ်။ ကိုယ်လည်း ကိုယ့်နယ်ပယ်မှာ နံပါတ်တစ်။ ဒါပေမဲ့ သူနဲ့ကိုယ် ယှဉ်လိုက်တဲ့အခါမှာ ကိုယ်က နံပါတ်တစ် မဟုတ်ဘဲ နံပါတ်နှစ် ဖြစ်နေတယ်ဆိုရင်တော့ ကိုယ့်ရဲ့ကြိုးစားမှုကို ပိုမိုတိုးမြှင့်ဖို့ သိသာထင်ရှားနေပါပြီ။