Home >> လူကြိုက်များသည့် စာအုပ်များ >> ငြိမ်းချမ်းခြင်းကို ခံစားတတ်ဖို့ဆိုရင်
စာအုပ်အမည် - ငြိမ်းချမ်းခြင်းကို ခံစားတတ်ဖို့ဆိုရင်
စာရေးသူ - နူးနူးအောင်
စာမျက်နှာ - ၁၅၈
တန်ဖိုး - ၇၀၀၀ ကျပ်
ဖုန်း - 09 444 987 928 / 09 403 970 015 သို့ဆက်သွယ်မှာယူနိုင်ပါသည်။

စာအုပ်အရွယ်အစား -

အကြိမ်ရေ -

21 cm

ပထမအကြိမ်

◾ အသက် ၂၁ မှာ ဘွဲဲ့ရပေမဲ့ အလုပ်ကောင်း ရဖို့ ၆ နှစ်လောက် စောင့်ရတဲ့လူလည်း ရှိတယ်။
◾ ဘွဲ့တွေ၊ စည်းစိမ်တွေ များများစားစား မရှိပေမဲ့ ဘဝကို နေပျော်တဲ့လူလည်း ရှိနေပြန်တယ်။
◾ ၂၃ နှစ်မှာ အိမ်ထောင်ပြုပေမဲ့ ၅ နှစ်လောက်ကြာတော့ ကွာရှင်းလိုက်တဲ့လူလည်း ရှိတယ်။
◾ ၃၅ နှစ်မှာ လက်ထပ်ပေမဲ့ အချစ်စစ် တွေ့တဲ့လူလည်း ရှိတယ်။

လူတိုင်းက…
သူ့စံနှုန်းနဲ့သူ သွားနေတယ်။
သူ့အရှိန်နဲ့သူ သွားနေတယ်။

မင်းဟာ နောက်မကျသလို စောလည်း မစောပါဘူး။
မင်းဟာ အချိန်မှန်တယ်။
''You are on time'' ပါ။

မိမိလိုချင်တဲ့ ပန်းတိုင်ဆီရောက်ဖို့ ကြိုးစားရင်း ငြိမ်းချမ်းသောလွင်ပြင်ငယ်တစ်ခုကိုလည်း ဖန်တီးယူရမယ်။

ချစ်စရာတစ်ခု ရှိနေမယ်။
လုပ်စရာတစ်ခု ရှိနေမယ်။

ဒီနှစ်ခုကို ကောင်းစွာ ဖန်တီးယူပြီး နေထိုင်တတ်မယ်ဆိုရင်
ငြိမ်းချမ်းခြင်းကို အလုံးစုံ ခံစားမိပါလိမ့်မယ်။

ဒီစာအုပ်လေးရဲ့ အဓိက ရည်ရွယ်ချက်ကတော့ "ငြိမ်းချမ်းခြင်းကို ခံစားတတ်ဖို့ပါပဲ"။