Home >> လူကြိုက်များသည့် စာအုပ်များ >> ဘဝကို မွမ်းမံခြင်း
စာအုပ်အမည် - ဘဝကို မွမ်းမံခြင်း
စာရေးသူ - Yoon@Precious Y
စာမျက်နှာ - 134
တန်ဖိုး - 9000 ks
ဖုန်း - 09 444 987 928 / 09 403 970 015 သို့ဆက်သွယ်မှာယူနိုင်ပါသည်။

စာအုပ်အရွယ်အစား -

အကြိမ်ရေ -

21cm

ပထမအကြိမ်

နေ့မြင်ညပျောက်တဲ့ ကမ္ဘာမှာ၊ ဖြစ်ပျက်တွေ မြန်ဆန်လွန်းပြီး ဘာမဆို ဖြစ်သွားနိုင်တဲ့ အခြေအနေ အမျိုးမျိုးတွေကြားမှာ အသက်ရှင်သန်ခွင့်ရနေသေးတဲ့အတွက် ကိုယ်ရထားတဲ့ ဘဝလေးကို တန်ဖိုးထားရင်း၊ ပစ္စုပ္ပန်အခိုက်အတန့်တိုင်းကိုလည်း အကျိုးရှိတာတွေ လုပ်ရင်း ပျော်ရွှင်အေးချမ်းစွာ နေထိုင်တတ်တဲ့ စိတ်ထားလေးနဲ့ ဖြတ်သန်းနိုင်မှသာ ရှင်သန်နေထိုင်ခွင့် ရနေခြင်းဟာ အဓိပ္ပာယ် ပိုရှိလာပါလိမ့်မယ်။

Mastering Your Life {ဘဝကို မွမ်းမံခြင်း} ဆိုတဲ့ ဒီစာအုပ်လေးထဲမှာ လက်တွေ့ဘဝအတွက် အမှန်တကယ် အသုံးချလို့ရမယ့်၊ အသုံးဝင်မယ့် နည်းလမ်းတွေ၊ Personal development {တစ်ကိုယ်ရည် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ}၊ ကိုယ့်ဘဝကို ပျက်စီးစေမယ့် အလေ့အကျင့်ဆိုးတွေကို အမြစ်ဖြတ်ပြီး စိတ်သစ်လူသစ် အသွင်သစ်ဖြစ်အောင် ကောင်းမွန်တဲ့ အလေ့အကျင့်တွေ အစားထိုး မွေးမြူနည်းများ၊ Self-Love {မိမိကိုယ်ကိုယ် ချစ်ခြင်း}၊ Self-care {မိမိကိုယ်ကိုယ် ဂရုစိုက်ခြင်း}၊ Healing Your mind and Body {စိတ်နဲ့ခန္ဓာကိုယ်ကို ကုသခြင်း} အကြောင်းများ၊ အချိန်မရှိဘူးဆိုတဲ့ သူတွေအတွက် အချိန်ရှာနည်း၊ ငွေရှာနည်း၊ ရင်းနှီးမြှုပ်နှံမှု လုပ်သင့်တဲ့အရာများ၊ ကျန်းမာတဲ့စိတ်နဲ့ ခန္ဓာကိုယ် ပိုင်ဆိုင်ဖို့ ထိန်းသိမ်းစောင့်ရှောက်နည်းများ၊ ပန်းတိုင်ကို အမြန်ရောက်အောင် Goal setting ချနည်းများ၊ သာယာပျော်ရွှင်တဲ့ Relationship ဖြစ်စေဖို့ သိထားသင့်တဲ့ လိုအပ်ချက်များ၊ ပိတ်မိနေတဲ့ ထောင်ချောက်များမှ ရုန်းထွက်ရဲတဲ့ သတ္တိတွေ ရှိလာစေဖို့ စတာတွေကို သူငယ်ချင်းတစ်ယောက်က "တို့တွေ တောင်ထိပ်ကို အတူတူတက်ကြရအောင်" လို့ ခေါ်တဲ့သဘောမျိုးနဲ့ မျှဝေပေးထားပါတယ်။

ကိုယ့်ဘဝရဲ့ ရည်မှန်းချက်တွေဆီ အမြန်ဆုံးရောက်ချင်တဲ့သူတွေအတွက် အသုံးဝင်မယ့် အတွေးအခေါ်ကောင်းတွေ၊ အလေ့အကျင့်ကောင်း မွေးမြူနည်းတွေ ဖော်ပြထားတဲ့ ဒီစာအုပ်လေး ဖတ်ပြီးတဲ့အခါ ပန်းတိုင်ရောက်ဖို့ လမ်းပျောက်နေတဲ့သူတွေ လမ်းစလေးရှာတွေ့သွားနိုင်ဖို့၊ ပိတ်မိနေတဲ့ စိတ်အခြေအနေတွေ၊ ခံစားချက်တွေကို ပညာသားပါပါ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့၊ ဘဝရဲ့ အဖြေရှာရခက်နေတဲ့ပုစ္ဆာတော်တော်များများအတွက် {Solutions} အဖြေတွေ ရှာ တွေ့သွားနိုင်ဖို့ မျှော်လင့်ပါတယ်။

အရင်စာအုပ်လေးတွေကို ဖတ်ဖူးတဲ့ ချစ်ရတဲ့ စာဖတ်သူ Vitamin လေးတွေ ပြောနေကြအတိုင်း ဘေးနားကနေ သူငယ်ချင်းလေးတစ်ယောက်ကနေ နွေးနွေးထွေးထွေးလေး လာထိုင်စကားပြောနေသလိုဆိုတဲ့ ခံစားချက်မျိုးလေး ဆက်ပေးနိုင်အောင်လည်း ကြိုးစားထားပါတယ်။

ခရီးဝေးဝေးသွားလိုတဲ့အခါ အဖော်နဲ့ သွားရပြီး မြန်မြန်ရောက်ချင်ရင်တော့ တစ်ယောက်တည်းသွားရပါတယ်တဲ့။ ခရီးဝေးဝေးကို မြန်မြန်ရောက်ချင်ရင်တော့ ကိုယ့်ဘဝကို ကျွမ်းကျင်ပိုင်နိုင်စွာ စီမံခန့်ခွဲပြီး စိတ်ရောကိုယ်ပါ သက်တောင့်သက်သာနဲ့ အောင်မြင်ပျော်ရွှင်ခြင်းတွေကို ရယူနိုင်မယ့် နည်းလမ်းကောင်းလေးတွေကို မျှဝေပေးထားတဲ့ ဒီစာအုပ်လေးကို အပါးတော်မြဲလေးအဖြစ် ဆောင်ပြီးသွားပါလို့သာ တိုက်တွန်းလိုက်ပါရစေ။