Home >> လူကြိုက်များသည့် စာအုပ်များ >> ကြိုးစားခြင်း နဲ့ အောင်မြင်ခြင်း
စာအုပ်အမည် - ကြိုးစားခြင်း နဲ့ အောင်မြင်ခြင်း
စာရေးသူ - သုနေ
စာမျက်နှာ - ၁၂၇
တန်ဖိုး - ၅၀၀၀ ကျပ်
ဖုန်း - 09 444 987 928 / 09 403 970 015 သို့ဆက်သွယ်မှာယူနိုင်ပါသည်။

စာအုပ်အရွယ်အစား -

အကြိမ်ရေ -

21 cm

--

ကြိုးစားခြင်းဆိုတာ လုပ်အားပဲ။ အဲဒီ 'လုပ်အား' ဆိုတာက ခွန်အားဗလ ရှိသူတိုင်း လုပ်လို့ရတယ်။ လုပ်နိုင်ကြတယ်။

  • လုပ်အားကို ဉာဏ်ပညာ မပေါင်းနိုင်သမျှတော့ ကြိုးစားနေခြင်းက အရာထင်ဖို့ ခက်ခဲနေဦးမှာပါပဲ။
    -----
  • ကြိုးစားခြင်းကို ပိုပြီးတောက်ပစေဖို့၊ ပိုပြီးအရာထင်စေဖို့၊ ပိုပြီးပြည့်စုံစေဖို့အတွက် အရေးအကြီးဆုံးက ဉာဏ်ပညာပဲ။ တစ်နည်းအားဖြင့် ကောင်းမွန်တဲ့ စိတ်ကူးပဲ။
  • ''စိတ်ကူးကောင်းတဲ့သူတွေက အရာရာမှာ သာလွန်ကြတယ်။ တချို့ဆိုရင် စိတ်ကူးလေးကြောင့်ပဲ တိုးတက်အောင်မြင်သွားကြတာ''
    -----
  • ဒီစာအုပ်ကို ဖတ်မိသူတိုင်း ကြိုးစားချင်စိတ်တွေ ဖြစ်ပေါ်လာမယ်လို့ အာမခံဖို့ ခက်ခဲပါတယ်။ ဒါပေမဲ့ ဘယ်နည်းဘယ်ပုံ ကြိုးစားသင့်တယ်ဆိုတာနဲ့ပတ်သက်ပြီး အတွေးလေးတွေ ပေးနိုင်ပါလိမ့်မယ်။ အကြံလေးတွေ ရနိုင်ပါလိမ့်မယ်။
  • နောက်ပြီး ဒီစာအုပ်ကို ဖတ်ရုံနဲ့ အောင်မြင်လာလိမ့်မယ်လို့လည်း မယူဆစေချင်ပါဘူး။ အောင်မြင်ဖို့အတွက် ဘယ်လို ကြိုးစားရမယ် ဆိုတာမျိုးကို တွေးမိဖို့၊ ကြိုးစားခြင်းကို အရောင်တင်နိုင်ဖို့၊ ပြီးတော့ အောင်မြင်ခြင်းကို မြင်အောင် ကြည့်တတ်ဖို့၊ အောင်မြင်ခြင်းကနေ ရရှိလာတဲ့ ခွန်အားတွေနဲ့ ပိုမိုကြီးမားတဲ့ အောင်မြင်ခြင်းတွေဆီကို တက်လှမ်းနိုင်ဖို့ စတာတွေကိုပဲ ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။