Home >> လူကြိုက်များသည့် စာအုပ်များ >> ပဲ့ကိုင်ရှင်
စာအုပ်အမည် - ပဲ့ကိုင်ရှင်
စာရေးသူ - လှအုံးမယ်(တတရ)
စာမျက်နှာ - ၂၀၀
တန်ဖိုး - ၅၀၀၀ ကျပ်
ဖုန်း - 09 444 987 928 / 09 403 970 015 သို့ဆက်သွယ်မှာယူနိုင်ပါသည်။

စာအုပ်အရွယ်အစား -

အကြိမ်ရေ -

--

--

ဒီစာအုပ်လေးက စာရေးသူရဲ့ ပထမဆုံးသော ဝတ္ထုတိုစာအုပ်ကလေး ဖြစ်ပါတယ်။ စုစုပေါင်း ဝတ္ထုတို (၁၀) ပုဒ်တိတိပါဝင်ပြီး တစ်ပုဒ်စီတိုင်းမှာ -

ဘဝရသများ၊ 

လူနေမှုစရိုက်များကို ထင်ဟပ်စေသော ဇာတ်ကောက်စရိုက်များ၊ 

ဆင်ခြင်စရာ လူမှုရေးပြဿနာများနှင့် 

အတုယူဖွယ်ရာ ဘဝသင်ခန်းစာများကိုလည်း 

ဖတ်ရှုခံစားရမှာလည်း ဖြစ်ပါတယ်။

လူတိုင်းကတော့ အမှားနဲ့ မကင်းနိုင်ကြသလို အချို့သော အမှားတွေက အမှားကျူးလွန်သူကိုသာမက မိသားစုကိုပါ ထိခိုက်ကြေမွစေတယ်ဆိုတာကိုလည်း စာရေးသူက ဝတ္ထုတစ်ပုဒ်မှာ ထည့်သွင်းဖော်ပြထားပါတယ်။ 

အချို့မိဘတွေက ကိုယ်ကိုယ်တိုင်က အတန်းပညာမရှိသဖြင့် သားသမီးတွေကို အတန်းပညာရှိအောင်၊ ပညာတတ်တွေဖြစ်အောင် ပျိုးထောင်ပေးလေ့ရှိကြပါတယ်။ အချို့ကတော့ ကိုယ်ကိုယ်တိုင်လည်း အတန်းပညာ မရှိသလို သားသမီးတွေကိုလည်း လုံးဝမပေးနိုင်ကြပါဘူး။ အချို့ကတော့ ကိုယ့်မှာလည်း မရှိသော၊ သားသမီးတွေကိုလည်း မပေးနိုင်သော အတန်းပညာကို မပေးနိုင်စေကာမူ သားသမီးတွေရဲ့ ရှေ့ရေးအတွက် ရည်မှန်းကာ ကိုယ်စီအတတ်ပညာများရှိအောင် ပေးတတ်ကြပါတယ်။

ဒီအကြောင်းအရာလေးတွေကို မိဘတိုင်း အတုယူဖွယ်ဖြစ်အောင် စာရေးသူက "ပဲ့ကိုင်ရှင်" အမည်ဖြင့် ဖော်ကျူးထုဆစ်ထားပါတယ်။

သားသမီးတွေရဲ့ ဘဝရှေ့ရေးကို တန်ဖိုးထားသော မိဘတိုင်းအတွက်----

စာရေးသူ လှအုံးမယ်(တတရ)ရဲ့ -"ပဲ့ကိုင်ရှင်" (နှလုံးသားမှတ်တိုင်ဝတ္ထုတိုများ) စာအုပ်။