စာအုပ်အရွယ်အစား -
အကြိမ်ရေ -
--
--
"ဘဝရဲ့အဓိပ္ပာယ်ဆိုတာ ရုန်းကန်ခြင်းပဲ"
စာရေးသူ ဆောင်းအေးသည် စာပေဝါသနာထုံလွန်းသည့် ပြင်ပစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည်။
သူ့ဘဝ၏အတွေ့အကြုံများ၊ စီးပွားရေးလောကမှ ဖြစ်ရပ်မှန်များကို ခြုံငုံလျက်
ရင်နင့်ဖွယ်...
လွမ်းမောဖွယ်...
အားကျဖွယ်...
အတုယူဖွယ်...
အရေးအသားများဖြင့် ရေးသားထားသော ဝတ္ထုတိုများ ဖြစ်သည်၊ အချို့က ဝတ္ထုတိုဆိုသည်ထက် ဝတ္ထုရှည်ဘက် ပိုမိုအားသာနေသည်ကိုလည်း တွေရသည်။ ဇာတ်ကောင်များ၏ စိတ်နေစိတ်ထား၊ အတွေးဒဿန၊ အယူအဆများက စာဖတ်သူတို့အတွက် အတုယူဖွယ်ရာ ကောင်းလွန်းလှသကဲ့သို့ "မုတ်သုံရွာတမ်းချင်း" အမည်ရှိ ဝတ္ထုထဲတွင်လည်း အောက်ပါအတိုင်း တွေ့ရနိုင်ပေမည်...
''ဘဝရဲ့အဓိပ္ပာယ်ကို မင်းမသိတာနဲ့ မရှိဘူးလို့ အတင်းငြင်းနေတယ်။ မသေမချင်းမှတ်သွား၊ ဘဝရဲ့အဓိပ္ပာယ်ဆိုတာ ရုန်းကန်ခြင်းပဲကွ၊ မင်းမရုန်းချင်တိုင်း၊ ရင်မဆိုင်ချင်တိုင်း ထွက်ပြေးလို့ လွတ်မယ်ထင်တယ်ပေါ့လေ" ဟု ဖခင်ဖြစ်သူက အိမ်ပေါ်မှ ဆင်းသွားတော့မည့် သားဖြစ်သူကို နောက်ဆုံးအနေဖြင့် ပြောဆိုဆုံးမလိုက်သော အတွေးဒဿနလေး ဖြစ်လေသည်။