Home >> လူကြိုက်များသည့် စာအုပ်များ >> လူငယ်တစ်ယောက် လျှောက်သောလမ်း
စာအုပ်အမည် - လူငယ်တစ်ယောက် လျှောက်သောလမ်း
စာရေးသူ - သုနေ
စာမျက်နှာ - ၁၃၂
တန်ဖိုး - ၅၀၀၀ ကျပ်
ဖုန်း - 09 444 987 928 / 09 403 970 015 သို့ဆက်သွယ်မှာယူနိုင်ပါသည်။

စာအုပ်အရွယ်အစား -

အကြိမ်ရေ -

21 cm

အဌမအကြိမ်

ယခုစာအုပ်လေးထဲတွင် လူငယ်များအတွက် ခွန်အားဖြစ်စေရန်၊ ရည်မှန်းချက် ခိုင်မာပြတ်သားစေရန်၊ ဝါသနာနှင့် ဝမ်းရေးကို ချိန်ညှိတတ်စေရန်၊ ကိုယ်လျှောက်မည့်လမ်းကို မှန်ကန်စွာရွေးချယ်တတ်စေရန်၊ ထိုလမ်းအတွက် ဇွဲရှိစေရန်၊ လမ်းမှားများကို မလျှောက်မိစေရန် စသော အကြောင်းအရာများ ပါရှိလေသည်။ စာအုပ်၏ နေရာတစ်ခုတွင် စာရေးသူက အောက်ပါတိုင်း ညွှန်းဆိုဖော်ပြထား၏။ ယင်းမှာ ---

လူငယ်တစ်ယောက်အတွက် အရေးအကြီးဆုံးအချက်မှာ ကိုယ်လျှောက်မည့်လမ်းကို ကိုယ်တိုင်ရွေးချယ်နိုင်ဖို့သာ ဖြစ်သည်။ 

'လူ'ဟူ၍ဖြစ်လာပါက 

- ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ရမည်။ 

- ကိုယ်ပိုင်လမ်းကို လျှောက်နိုင်ရမည်။ 

ထိုကဲ့သို့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ရန်၊ ကိုယ့်လမ်းကိုယ် လျှောက်နိုင်ရန်အတွက် လူငယ်ဘ၀ကတည်းက ကိုယ့်လမ်းကိုယ် ရွေးချယ်နိုင်ရမည်။ လူငယ်ဟူသည် လောကတံခါးကို ခွန်အားဖြင့် တွန်းဖွင့်နေသူ ဖြစ်သင့်၏။