စာအုပ်အရွယ်အစား -
အကြိမ်ရေ -
21 cm
ပထမအကြိမ်
နေ့ရက်တိုင်းမှာ ဖုန်းဘက်ထရီ ဘယ်လောက်ကျန်သေးလဲဆိုတာကို အမြဲစစ်ဆေးကြည့်ရှုတတ်ကြပေမဲ့ ကိုယ့်ရဲ့ "စိတ်စွမ်းအင် (Mental Energy)" ဘယ်လောက်ကျန်သလဲ ဆိုတာကိုတော့ "Self Awareness" ရှိရှိ ပြန်လည်ဆန်းစစ်ဖို့ မေ့လျော့နေတတ်ကြပါတယ်။
ဆရာ စိုးသူရ ရေးသားတဲ့ "Recharge Your Mind" စာအုပ်ဟာ ဒီကွက်လပ်ကို ဖြည့်ဆည်းပေးမယ့် ကိုယ့်စိတ်ကို ကိုယ်ပြန်မြင်အောင် ကြည့်နည်းနဲ့ ထိထိရောက်ရောက် အားပြန်ဖြည့်နည်းတွေကို လမ်းညွှန်ပေးထားတဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။
🍀 မိမိ ဘာကြောင့် စိတ်တွေ အားမရှိသလို ခံစားနေရတာလဲ၊ ဘယ်လို မှန်မှန်ကန်ကန်နဲ့ အားပြန်ဖြည့် (Recharge) လုပ်ရမလဲဆိုတဲ့ နည်းလမ်းတွေ လေ့လာခွင့်ရပါမယ်။
🍀 နေ့စဥ်ဘဝမှာ ကြုံတွေ့ရတတ်တဲ့ စိတ်ဖိစီးမှု (Stress) တွေကို ဘယ်လို အကောင်းဆုံး ဖြေလျော့ရမလဲ ဆိုတာတွေ သိခွင့်ရပါမယ်။
🍀 တကယ့် ပျော်ရွှင်မှု အစစ်အမှန်က ဘာလဲ။ ဘယ်မှာ ရှိတာလဲ။ ပျော်ရွှင် အောင်မြင်တဲ့ ဘဝတစ်ခုတည်ဆောက်နိုင်ဖို့ လမ်းပြပေးနိုင်ပါလိမ့်မယ်။
🍀 အောင်မြင်မှု အကြီးကြီးရမှ ပျော်နိုင်တာမျိုးမဟုတ်ပဲ နေ့စဥ် ဘဝကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းနိုင်ဖို့ လက်တွေ့ လိုက်နာရမယ့် နည်းလမ်းတွေ သိရှိပါမယ်။
🍀 လူတိုင်းသိထား လိုက်နာသင့်သော စိတ်ဓါတ်နှင့် အသိဥာဏ်တိုးတက်စေမယ့် တန်ဖိုးရှိတဲ့ ဘဝနေထိုင်နည်းများစွာ ပါဝင်ပါတယ်။
■ သင့်စိတ်ကို အားပြန်ဖြည့်ပြီး ဘဝခရီးလမ်းကို စိတ်ခွန်အား အပြည့်နဲ့ စိတ်ကြည်လင်လန်းဆန်းစွာ ဆက်လက်လျှောက်လှမ်းနိုင်ဖို့ မဖြစ်မနေ ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။
■ စိတ်ကို Recharge လုပ်ပေးဖို့ လျစ်လျူမရှုဘဲ ကိုယ့်စိတ်ကို ကိုယ်တိုင် အားဖြည့်ပေးနိုင်ဖို့ "Recharge Your Mind" စာအုပ်က သင့်ဘဝအတွက် အကောင်းဆုံး လမ်းပြမြေပုံ ဖြစ်လာပါလိမ့်မယ်။
"သင့်စိတ်ကို ပြန်လည်အားဖြည့်ပါ၊ ပြီးရင် ဘဝကို ခရီးဆက်ပါ။"