Home >> လူကြိုက်များသည့် စာအုပ်များ >> ရန်ရန်ချင်းလော မေတ္တာလော
စာအုပ်အမည် - ရန်ရန်ချင်းလော မေတ္တာလော
စာရေးသူ - ဥရုကိုကို
စာမျက်နှာ - 142
တန်ဖိုး - 9,000 Ks
ဖုန်း - 09 444 987 928 / 09 403 970 015 သို့ဆက်သွယ်မှာယူနိုင်ပါသည်။

စာအုပ်အရွယ်အစား -

အကြိမ်ရေ -

21 cm

ပထမအကြိမ်

စာညွှန်း -

  • စာရေးဆရာ ဥရုကိုကိုရဲ့ တို့တို့ထိထိ ညှိညှိမိမိ အရေးအသားတွေနဲ့ ကလောင်ကွန့်မြူးထားတဲ့ ကချင်ပြည်နယ်ရနဲ့သင်းလှိုင် ကြိုင်နေတဲ့ ဆင်ဇာတ်လမ်းတစ်ပုဒ်။ ရှမ်းအိုးစည်သံတွေ၊ ရှမ်းမောင်းသံတွေ၊ မနော
    တေးသံတွေ၊ ဆင်အော်သံတွေ၊ ဟစ်ကြွေးသံတွေနဲ့ မြူးကြွ သွက်လက်တဲ့ ရသစုံ ဇာတ်လမ်းလေး။
  • အထူးသဖြင့် မုဆိုးတံငါ စာပေကို နှစ်သက်သူတွေ၊ စွန့်စားခန်းကို နှစ်ခြိုက်သူတွေ၊ ဇာတ်လမ်းရဲ့ အလှည့်အပြောင်း အကွေ့အကောက်ကို ရင်ခုန်စိတ်လှုပ်ရှားချင်သူတွေအတွက် ထမင်းစားပြီး တစ်မျိုးလို ဆေးလိပ်တို ဆေးလိပ်တို ဆိုတာမျိုး။ ရသဝတ္ထုကောင်းကောင်းလေးတစ်ပုဒ်လောက် ဖတ်လိုက်ရမှ အာသာပြေတာဆိုတဲ့လူမျိုးတွေ ဖတ်သင့်တယ်။
     
  • မုန်ယိုသောင်းကျန်းနေတဲ့ ဆင်တစ်ကောင်က အစပြုလို့ လူနှင့် ဆင်၏ ပဠိပက္ခ၊ ဆင်ဦးစီးမိသားစု၏ အိမ်တွင်းရေးပြဿနာ အရှုတ်အထွေး။ သူတို့၏ လောဘ မောဟ ဒေါသနှင့်အပြိုင် အငြိုးအတေးအာဃာတတွေဟာ ဇာတ်လမ်းရဲ့အဓိက အားပြိုင်လှုပ်ရှားမှုတွေပါ။
     
  • သည်ဝတ္ထုဟာ လူနှင့် တိရိစ္ဆာန်တို့ရဲ့ ချစ်မေတ္တာသံယောဇဉ်ကို ဖော်ပြနိုင်တာကို မြင်လိုက်ရတယ်။
     
  • ရသစာပေချစ်သူတွေအနေနဲ့ ဖတ်လို့ အချိန်ကုန် ခံရကျိုး နပ်မယ်။ ဖတ်ပြီးရင် ရင်ထဲမှာ တစ်ခုခုကျန်နေခဲ့မယ်လို့လည်း ယူဆမိပါတယ်။