Home >> လူကြိုက်များသည့် စာအုပ်များ >> လူငယ် = တန်ဖိုး
စာအုပ်အမည် - လူငယ် = တန်ဖိုး
စာရေးသူ - သုနေ
စာမျက်နှာ - 143
တန်ဖိုး - 8,500 Ks
ဖုန်း - 09 444 987 928 / 09 403 970 015 သို့ဆက်သွယ်မှာယူနိုင်ပါသည်။

စာအုပ်အရွယ်အစား -

အကြိမ်ရေ -

21 cm

ပထမအကြိမ်

“ဒီစာအုပ်ကို ဘယ်လိုလူတွေ ဖတ်သင့်တာလဲ”

ဟုတ်ပါတယ်။ ဒီမေးခွန်းက သိပ်ပြီးမေးသင့်တဲ့ မေးခွန်းဖြစ်ပါတယ်။ “ဒီစာအုပ်ကို ဘယ်လို လူတွေ ဖတ်သင့်တာလဲ” ဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီး ကျွန်တော် အုပ်စု (၂) ခု ခွဲပြပါ့မယ်။

တကယ်တော့ ‘လူငယ် = တန်ဖိုး’ ဆိုတဲ့ စာအုပ်ကို ဖတ်သင့်တဲ့လူဟာ နှစ်မျိုးတည်းပါ။

• အုပ်စု (၁) - တန်ဖိုးရှိအောင် ကြိုးစားချင်တဲ့ လူငယ်တွေ။
• အုပ်စု (၂) - လူငယ်တွေကို တန်ဖိုးရှိအောင် ပျိုးထောင်ချင်တဲ့ လူကြီးတွေ။

ဒီလောက်ပါပဲ။ ‘လူငယ် = တန်ဖိုး” ဆိုတဲ့စာအုပ်ကို ဖတ်ကြည့်သူတဲ့လူဟာ ဒီအုပ်စု (၂) မျိုး တည်းသာ ဖြစ်ပါတယ်။

ကိုယ်ဟာ…

  • လူငယ်လား၊
  • လူကြီးလား၊
  • တန်ဖိုးရှိအောင် ကြိုးစားချင်တဲ့သူလား၊
  • တန်ဖိုးရှိတဲ့ လူငယ်တွေကို ပျိုးထောင်ချင်တဲ့သူလား စသဖြင့် တစ်ခုခုကိုတော့ စိတ်ထဲ ကနေ ပိုင်းခြားကြည့်ပါ။ ဆန်းစစ်ကြည့်ပါ။ ဝေခွဲကြည့်ပါ။

ဒါဆိုရင်…

  • ဒီစာအုပ်ကို ဖတ်သင့်တဲ့လူလား၊
  • ဒီစာအုပ်ကို မဖတ်သင့်တဲ့လူလား ဆိုတာ ကိုယ့်ကိုယ်ကိုယ် နားလည်သဘောပေါက်လာ ပါလိမ့်မယ်။